MPT ၏ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို နိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၁၈၃) မြို့နယ်တွင် အသုံးပြုနိုင်ပြီ

19.8.2024-yyl-7.jpg

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဝန်ဆောင်မှုကို မြို့နယ်(၈) မြို့နယ်တွင် အသစ်ထပ်မံ တိုးချဲ့ဆောင်ရွက်လိုက်ပြီး ယခုအခါတွင် အဆိုပါဝန်ဆောင်မှုကို မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း (၁၈၃) မြို့နယ်တွင် အသုံးပြုနိုင်ပြီဖြစ်ကြောင်း MPT က ထုတ်ပြန်ကြေညာလိုက်ပါသည်။ အဆိုပါဒေသများရှိ သုံးစွဲသူများသည် MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို ကနဦးတပ်ဆင်ခ ကင်းလွတ်ခွင့်နှင့်အတူ 3GB အထိ မိုဘိုင်းဒေတာများ၊ MPT အချင်းချင်း မိနစ် ၂၀၀ အထိ ဖုန်းခေါ်ဆိုခွင့် နှင့် MPT မိုဘိုင်းနံပါတ်များသို့ အကန့်အသတ်မရှိ စာတိုပေးပို့ခွင့်များပါဝင်သည့် ထပ်ဆောင်း အကျိုးကျေးဇူးများကို ရရှိခံစားနိုင်မည် ဖြစ်ပါသည်။

MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ဖြင့် သုံးစွဲသူများသည် မိမိတို့၏ နေအိမ်များတွင် အဆင်ပြေလွယ်ကူ၍ ယုံကြည်စိတ်ချရသော အင်တာနက်ချိတ်ဆက်မှု အတွေ့အကြုံများကို အချိန်မရွေး ရရှိခံစားနိုင်မည်ဖြစ်ပါသည်။ MPT ၏ အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာ အင်တာနက် ဘေလ်ကို ၃ လ၊ ၆ လ (သို့မဟုတ်) ၁၂ လ ကြိုတင်ပေးချေခြင်းဖြင့် သုံးစွဲသူများသည် ၂ သိန်းကျပ် အထိ လျှော့စျေးများကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

သုံးစွဲလိုသူများအနေဖြင့် အကန့်အသတ်မဲ့သုံး မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက်ကို MPT ၏ အရောင်း ကိုယ်စားလှယ်များမှ တစ်ဆင့်သော်လည်းကောင်း၊ နီးစပ်ရာ MPT ရုံးများ၊ MPT ၏ Franchise ဆိုင်များ၊ Own shop များနှင့် MPT၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/mm/dome-pyan-mm/ တို့မှ လည်းကောင်း လျှောက်ထားရယူနိုင်ကာ ဝန်ဆောင်မှု ရရှိနိုင်သည့်မြို့နယ် (၁၈၃) မြို့နယ်တို့၏ အချက်အလက်များကိုလည်း သိရှိနိုင်မည်ဖြစ်ပါသည်။

MPT သည် သုံးစွဲသူများအတွက် လွယ်ကူရိုးရှင်းသော အွန်လိုင်းငွေပေးချေမှုကိုလည်း ဆောင်ရွက်ပေးထားပါသည်။ သုံးစွဲသူများအားလုံးအနေဖြင့် လွယ်ကူစွာ ငွေပေးချေနိုင်သည့်နည်းလမ်းများ နှင့် အသေးစိတ်အချက်အလက်ကို https://mpt.com.mm/mm/payment-channels-mm/ မှတစ်ဆင့် ဝင်ရောက်လေ့လာနိုင်ပါသည်။ ထို့အပြင် သုံးစွဲသူများသည် E-invoice ငွေတောင်းခံလွှာဝန်ဆောင်မှုအတွက် https://einvoice.mpt.com.mm/#/Einvoice တွင် စာရင်းပေးသွင်းရယူနိုင်ပြီး မိမိတို့၏ ဖုန်းနံပါတ်နှင့် အီးမေးလ်ကို E-invoice Form တွင် ထည့်သွင်းပေးရန် လိုအပ်ပါသည်။

MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက်အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အနေဖြင့် သုံးစွဲသူများ၏ ဒီဂျစ်တယ်ဘဝများကို မြှင့်တင်ပေးနိုင်ရန်အတွက် မြန်ဆန်သက်သာပြီး စိတ်ချယုံကြည်ရသည့် အင်တာနက်ဝန်ဆောင်မှုများကို ပေးစွမ်းနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။ MPT ၏ မြန်နှုန်းမြင့် ဒုံးပျံအိမ်သုံးဖိုင်ဘာအင်တာနက် ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက hotline *2800# (သို့မဟုတ်) 18652800 သို့ခေါ်ဆိုပြီး (သို့မဟုတ်) 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် တရားဝင် ဝက်ဘ်ဆိုက် တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top