ဘယ်သူ့ကိုမဲပေးရမှန်း သိပြီလား

2-1-2020-yyl-001.jpg

မိမိအနေနဲ့လာမယ့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ (၈) ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် မဲစာရင်းလည်းစစ်ပြီးပြီ ဒါပေမဲ့ ဘယ်သူကိုမဲပေးရမှန်းသိသေးဘူးဆိုပါက ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်မေးမြန်းလို့ရမယ့် Vote MM page https://www.facebook.com/votemm.info/ အကြောင်းကို ပြောပြပေးချင်ပါတယ်။

ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ကိုယ့်မသိသေးတဲ့အကြောင်းအရာတွေနဲ့ ကိုယ်သိချင်တဲ့အကြောင်းအရာတွေကို Vote MM page comment နဲ့ chatbot တွေမှာ မေးမြန်းနိုင်ပါတယ်။ မိမိနေထိုင်တဲ့ နေရာမှာ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်လောင်းက ဝင်ရွေးမှာလဲဆိုတာ မသိသေးဘူးဆိုရင် ဒီ link https://bit.ly/3cXWVMd ဝင်ပြီး ကိုယ်နေထိုင်တဲ့ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်၊ မြို့နယ်၊ မြို့နဲ့ ရပ်ကွက်တွေကို ရွေးချယ်လိုက်ရုံနဲ့ ကိုယ်နေထိုင်တဲ့ မြို့နယ်မှာ ပါတီဘယ်နှစ်ခုဝင်ရွေးချယ်ခံမှာလဲ၊ ပါတီကိုယ်စားပြုပြီး ဘယ်သူတွေက ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာလဲ ဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။

မိမိ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေကိုတော့သိပြီး ဒါပေမဲ့ ဘယ်သူကို မဲပေးရမှန်းမသိဘူးဆိုရင်တော့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်မဲပေးရာမှာ အရေးကြီးတဲ့ အချက် (၁၀) မှာကိုလည်း Vote MM https://bit.ly/34k9ZHw မှာ ဖော်ပြထားပါသေးတယ်။ ကိုုယ်စားလှယ်လောင်းတွေကို ရွေးချယ်တဲ့အခါမှာ အရေးကြီးတဲ့ အဓိက (၁၀) ချက်မှာ အကျင့်စာရိတ္တကောင်းမှု၊ အများပြည်သူဆိုင်ရာကိစ္စများပါဝင်ဆောင်ရွက်မှု၊ ပညာအရေအချင်း၊ မိမိထောက်ခံသောပါတီဖြစ်သောကြောင့်၊ ဘာသာရေး၊ နိုင်ငံရေးဖြတ်သန်းမှု/အတွ့အကြုံ စတဲ့ အကြောင်းအရာတွေကို ထည့်သွင်းစည်းစားဖို့ လိုအပ်ပါတယ်။

တကယ်လို့များ ကိုယ်သာ ပါတီထောင်ခဲ့မယ်ဆိုရင်ဘယ်လိုပုံစံဖြစ်မလဲဆိုတာ စိတ်ကူးယဉ်ကြည့်ဖူးကြပါသလား။ မိမိရဲ့ “စိတ်ကူးထဲက ပါတီ” ဘာဖြစ်မလဲဆိုတာ စမ်းသပ်ဖော်ထုတ်ကြည့်ရှုနိုင်မယ့် အစီအစဉ်လည်းရှိနေပါတယ်။ “စိတ်ကူးထဲက ပါတီ” ဆိုတာကတော့ မိမိရဲ့ရွေးချယ်မှု နဲ့ စဉ်းစားတွေးခေါ်မှုတည်ပါတယ်။ ကိုယ်ပိုင်နိုင်ငံရေးပါတီတစ်ခု က ဘယ်လိုမျိုးလဲဆိုတာ သိချင်ရင် မေးခွန်းလေးတွေရဲ့အဖြေတွေကိုတစ်ခုချင်းစီရွေးချယ်ပြီး နောက်ဆုံးမှာ မိမိပါတီကို ပြသပေးမယ့် ပျော်စရာ Quiz အစီအစဉ်လည်းရှိပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ နဲ့ပတ်သက်ပြီး အစိုးရ မဟုတ်တဲ့ အရပ်ဖက်အဖွဲ့အစည်းက ပြုလုပ်ထားတဲ့ အချက်အလက်တွေကို ကြည့်ပြီး ရွေးကောက်ပွဲအကြောင်းကို လေ့လာ၊ ရွေးချယ်၊ မဲပေးမယ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုပါက Vote MM https://www.votemm.info/ website ကို ဝင်ရောက်လေ့လာသင့်ပါတယ်။

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top