UEC ရဲ့ ထုတ်ပြန်ချက်အရ တိုင်း(၂)တိုင်းက ပြည်သူ့လွှတ်တော်နဲ့အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွေမှာ NLD က အပြည့်အဝ အနိုင်ရရှိထား

12-11-2020-yyl-010.jpg

ရန်ကုန် နိုဝင်ဘာ ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ရဲ့ ထုတ်ပြန်ထားချက်အရ မကွေးတိုင်းနဲ့ တနင်္သာရီတိုင်းတို့က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်နေရာတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီက အပြည့်အဝ အနိုင်ရရှိထားတာကို တွေ့ရပါတယ်။


မကွေးတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၂၅ နေရာ၊ တနင်္သာရီတိုင်းဒေသကြီးမှာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၀ နေရာရှိပြီး နေရာအားလုံးမှာ အနိုင်ရရှိထားတဲ့အပြင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာစီမှာလည်း အပြည့်အဝ အနိုင်ရရှိထားတာပါ။
ကျန်တဲ့တိုင်းဒေဿကြီးနဲ့ ပြည်နယ်တွေမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနဲ့ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေ အနိုင်ရရှိထားတာရှိသလို မထုတ်ပြန်ရသေးတဲ့ မဲဆန္ဒနယ်တွေလည်း ရှိနေပါသေးတယ်။

လက်ရှိအခြေအနေအရ NLD ပါတီက ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်နေရာ ၁၇၀ ကျော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်နေရာ ၈၀ ကျော်အနိုင်ရရှိထားပြီးတော့ ပြည်ခိုင်ဖြိုးပါတီက ပြည်သူလွှတ်တော်မဲဆန္ဒနယ်နေရာ ၁၇ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်နေရာ ၃ နေရာ အနိုင်ရရှိထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတွေကတော့ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက် ထက်ကျော်လွန်ပြီး အနိုင်ရရှိထားတယ်လို့ ပြောကြားထားပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာမှသာ အတည်ဖြစ်မှာဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top