MPTသုံးစွဲသူများထံသို့ အသိပေးအကြောင်းကြားခြင်း

12.7.2024-yyl-၇.png

MPT ဖုန်းသုံးစွဲသူ မိဘပြည်သူများထံသို့ လိမ်လည်လှည့်ဖြားရန်နှင့် လောင်းကစားမှု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် လတ်တလောတွင် MPT အမှတ်တံဆိပ်ကို တုပ၍သော်လည်းကောင်း၊ MPTဖုန်းနံပါတ်များကို အသုံးပြု၍ သော်လည်းကောင်း ငွေသားဆု/ဆုမဲလက်ဆောင် ကံထူးကြောင်းနှင့် လောင်းကစားပြုလုပ်လိုပါက ဆက်သွယ်နိုင်ကြောင်း စာတို (SMS)များ ပေးပို့ နေခြင်းကို တွေ့ရှိရပါသည်။ MPTအနေဖြင့် ယင်းသို့သော စာတို (SMS) ပေးပို့မှုများကို လုံးဝ(လုံးဝ) ဆောင်ရွက်ခြင်း မရှိပါကြောင်း သုံးစွဲသူမိဘ ပြည်သူများထံသို့ လေးစားစွာ အသိပေးအပ်ပါသည်။

MPT မှ ပြုလုပ်သည့် ပရိုမိုးရှင်းအစီအစဉ်များတွင် ကံထူးရှင်များအား ဖုန်းခေါ်ဆို အကြောင်းကြားရာ၌ MPT ၏ တရား၀င်ဖုန်းနံပါတ် ဖြစ်သော ၀၉-၄၄၄၂၂၂၂၂၄ မှ တစ်ဆင့်သာလျှင် ဖုန်းခေါ်ဆိုအကြောင်းကြား ပေးသွားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်အသိပေး အပ်ပါသည်။

      MPT အနေဖြင့် အခြားသော နည်းလမ်းများဖြစ်သည့် အီးမေးလ်များ၊ စာတို(SMS)များ မှတစ်ဆင့် အကြောင်းကြားသွားမည်မဟုတ်သောကြောင့် ငွေသားဆု/ကံထူးဆုလက်ဆောင်များကို ထုတ်ယူရန် အီးမေးလ်များ နှင့် စာတို(SMS)များကို လက်ခံရရှိပါက ၎င်းသည် လိမ်လည်မှု ဖြစ်နိုင်ပါသဖြင့် ကိုယ်ရေးအချက်အလက် (သို့မဟုတ်) ငွေကြေးပိုင်းဆိုင်ရာ အသေးစိတ် အချက် အလက်များ ကို ဝေမျှခြင်းမပြုကြပါရန် အသိပေးအပ်ပါသည်။

MPT သုံးစွဲသူများထံသို့ လိမ်လည်လှည့်ဖြားလိုသည့် ရည်ရွယ်ချက်ဖြင့် ပေးပို့သော စာတို(SMS) များ/ ဖုန်းခေါ်ဆိုမှုများ လက်ခံရရှိပါက အတည်ပြုနိုင်ရန် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် စာမျက်နှာဖြစ်သည့် www.mpt.com.mm တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး MPT၏ တရားဝင် ဆက်သွယ်ရေး လမ်းကြောင်းများဖြစ်သည့် MPT Call Center 106၊ TuTu Chat နှင့် နီးစပ်ရာ MPTရုံးများ/MPTအမှတ်တံဆိပ် ဆိုင်များတွင်လည်း သွားရောက်စုံစမ်း မေးမြန်းနိုင်ပါသည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top