ဒုံးကျည်ပစ်စင် အစိတ်အပိုင်းတွေကို စတင်ဖျက်ဆီးနေတဲ့ မြောက်ကိုရီးယား

north-korea-1529592000777.jpg

မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံ အနောက်မြောက်ပိုင်းမှာရှိတဲ့ အဓိက ဒုံးကျည်ပစ်စင်အပိုင်းတွေကို ဖျက်ဆီးမှု စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ဇွန်လအတွင်းက အမေရိကန်နိုင်ငံကို ပေးထားတဲ့ကတိအတိုင်း

အကောင်အထည်ဖော်နိုင်အောင် လုပ်ဆောင်နေတာဖြစ်တယ်လို့လည်း အမေရိကန်အခြေစိုက် မြောက်ကိုရီးယား စောင့်ကြည့်ရေးအဖွဲ့ 38 North က ပြောပါတယ်။

အမေရိကန်သမ္မတ ကိုယ်တိုင်က မြောက်ကိုရီးယားခေါင်းဆောင်ဟာ ဒုံးကျည်အင်ဂျင်စမ်းသပ်တဲ့နေရာကို ဖျက်ဆီးဖို့ ဆန္ဒရှိနေတယ်လို့ ပြောခဲ့ဖူးပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ Sohae ဂြိုလ်တုဒုံးကျည် ပစ်လွှတ်တဲ့နေရာကို ဖျက်ဆီးနေတာဖြစ်တယ်လို့ သတင်းတွေမှု ဖော်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းက မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ တွေဆုံဆွေးနွေးခဲ့ရာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား အလုံးစုံကင်းစင်ရေး လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြပါတယ်။ သဘောတူညီမှု ရရှိခဲ့ပေမဲ့လည်း မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားလက်နက်တွေကို ဖျက်ဆီးမယ့်အချိန်နဲ့ ပုံစံ စတဲ့ကိစ္စတွေကို အသေးစိတ် ဖော်ပြတာမရှိခဲ့လို့ ပြစ်တင်ဝေဖန်မှုတွေရှိခဲ့ပါသေးတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်တဲ့နေရာ ဖျက်ဆီးမှုအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တိုးတက်မှုတွေအတွက် ပျော်ရွင်ရတယ်လို့ တွစ်တာကတစ်ဆင့် ဖော်ပြခဲ့ပါတယ်။

 

ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံဟာ ယွန်ဗြောင်းဒေသမှာ နျူကလီးယား သန့်စင်စက်ရုံကို အဆင်မြင့်တင်ဖို့ လုပ်ဆောင်နေဆဲဖြစ်သလို အခြားနေရာတွေမှာ နျူကလီးယားသန့်စင် စက်ရုံ တည်ဆောက်နေဆဲဖြစ်တယ်လို့ သတင်းတွေကလည်း ထွက်ပေါ်နေပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်နှစ်အတွင်း ၎င်းတို့ရဲ့ နျူကလီးယား အစီစဉ်တွေကို ပိုမို ဖွံဖြိုးတိုးတက်အောင် လုပ်ဆောင်ခဲ့ပြီး အမေရိကန်နိုင်ငံအထိ ပစ်လွှတ်နိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းနေတယ်လို့ ပြောခဲ့ဖူးပါတယ်။

Ref BBC “N Korea ‘begins dismantling’ rocket launch site”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top