Krispy Kreme ဆိုင်ရဲ့ကားရပ်နားရာနေရာမှာ မွေးဖွားခဲ့လို့ တစ်နှစ်တာ အခမဲ့ ဒိုးနတ်စားခွင့်နဲ့ နှစ်တိုင်း မွေးနေ့ကျင်းပခွင့်ရခဲ့တဲ့ ကလေးလေး

31.1.2025-yyl-4.jpg

အလာဘားမားပြည်နယ်က မိခင်တစ်ဦးဟာ အခုလအစောပိုင်းက ဒိုသန်မြို့ရှိ Krispy Kreme ဆိုင်ရဲ့ကားရပ်နားရာနေရာမှာ ကလေးမီးဖွားခဲ့ပါတယ်။ ကားရပ်နားရာနေရာမှာ မွေးဖွားခဲ့လို့ အဲ့ဒီကလေးကို Krispy Kreme ဆိုင်ခွဲက သူတို့မိသားစုကို တစ်နှစ်တာ အခမဲ့ဒိုးနတ်စားခွင့်နဲ့ ကလေးလေး အရွယ်ရောက်တဲ့အထိ နေ့တိုင်း မွေးနေ့ကျင်းပခွင့်တွေ ပေးပြီး ဂုဏ်ပြုပေးခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ရှာညာ ဘန်နက်တ်ဟာ ဇန်နဝါရီ ၂၂ ရက်နေ့က Krispy Kreme ဆိုင်ရဲ့ကားရပ်နားရာနေရာမှာ သူ့ရဲ့သားလေး ဒါလ်လက်ကို မွေးဖွားခဲ့တာပါ။ အဲ့ဒီနေ့က မီးဖွားဖို့ ဝမ်းနာသလိုခံစားခဲ့ရတယ်။ အဲ့ဒါနဲ့ ရှာညာနဲ့ သူ့ကောင်လေး ကီအွန်မစ်ချယ်(ဒါလ်လက်ရဲ့ဖခင်)တို့ဟာ သူတို့အိမ်ကနေ မိနစ် ၂၀ ဝေးတဲ့ ဒိုသန်မြို့က Flowers Hospital ကို သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ အဲ့နေ့မတိုင်ခင်ကတည်းက နှင်းမုန်တိုင်းရှိခဲ့လို့ ဒိုသန်မြို့လမ်းမတွေက နှင်းထူထပ်လို့နေခဲ့ပါတယ်။ နှင်းနဲ့ရေခဲတွေကြောင့် ကားပေါ်မှာ စောင့်နေခဲ့ရပါတယ်။ ဆေးရုံနဲ့ နီးလာတာနဲ့အမျှ မီးဖွားဖို့ဝမ်းနာလာလေလေပါပဲ။ ၉၁၁ ကိုလည်း သူတို့တွေ ဖုန်းခေါ်ထားပေမဲ့ ဆေးရုံရောက်တဲ့အထိ မီးဖွားဖို့ မစောင့်နိုင်တော့တဲ့အခြေအနေဖြစ်သွားခဲ့ပါတယ်။

အဲ့ဒါကြောင့် ကီအွန်မစ်ချယ်က ကားကို အနီးနားမှာ ရှိတဲ့ Krispy Kreme ဆိုင်ရဲ့ကားရပ်နားရာနေရာဆီ ပြန်လှည့်ပြီး သွားခဲ့ပါတယ်။ ကားရပ်နားပြီး စက္ကန့်အနည်းငယ်အကြာမှာ ဒါလ်လက်လေး ထွက်လာပါတော့တယ်။

ကီအွန်မစ်ချယ်က သူ့ကလေးလေး မွေးဖွားလာဖို့ ကူညီပေးခဲ့ပါတယ်။ အရေးပေါ်အဖွဲ့ရောက်လာပြီးတဲ့နောက်မှာ ဒါလ်လက်ကို စစ်ဆေးမှုတွေပြုလုပ်ဖို့ Flowers Hospital ကို ပို့ဆောင်ပေးခဲ့ပါတယ်။ ဒါလ်လက်လေးက ကျန်းမာရေးအခြေအနေကောင်းပါတယ်။ အေးနေတဲ့အတွက် နွေးသွားအောင်တော့လုပ်ခဲ့ရပါတယ်။

ဒါလ်လက်ဟာဆိုရင် မွေးစာရင်းမှာ မွေးဖွားရာနေရာက Krispy Kreme လို့ စာရင်းသွင်းထားတဲ့ ပထမဆုံးကလေးဖြစ်ခဲ့ပါတယ်။

Ref: Baby boy born at Krispy Kreme gets sweetest surprise

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply