ဖိလစ်ပိုင်နိုင်ငံမှာ စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၂၀၈ ယောက် သေဆုံး

philippine3.jpg

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း စူပါတိုင်ဖွန်းမုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ အနည်းဆုံး လူ ၂၀၈ ယောက် သေဆုံးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ တစ်နာရီ လေတိုက်နှုန်း မိုင် ၁၂၀ ရှိတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း ရိုင်က ဖိလစ်ပိုင်နိုင်ငံ အရှေ့တောင်ပိုင်းကျွန်းတွေကို ဝင်ရောက်တိုက်ခတ်ချိန်မှာ လူ ၃ သိန်းနီးပါး ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်ခဲ့ရပါတယ်။

မုန်တိုင်းတိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၂၃၉ ယောက် ဒဏ်ရာရခဲ့ပြီး လူ ၅၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံရဲတပ်ဖွဲ့က ဆိုပါတယ်။ မြေပြိုမှုတွေ၊ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီး နောက်ထပ်အသက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်လာမှာကိုလည်း စိုးရိမ်ပူပန်နေကြပါတယ်။

မုန်တိုင်းသင့်ပြည်သူတွေအတွက် ရေရှည်ပြန်လည်ထူထောင်ရေး ဆောင်ရွက်ဖို့ အမေရိကန်ဒေါ်လာ ၂၂ သန်း လိုအပ်တယ်လို့ နိုင်ငံတကာကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့က အကူအညီတောင်းခံထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း ပျမ်းမျှအားဖြင့် မုန်တိုင်းအလုံး ၂၀ ဝင်ရောက်တိုက်ခတ်လေ့ရှိပါတယ်။ စူပါတိုင်ဖွန်းမုန်တိုင်း ရိုင်ဟာ ၂၀၂၁ ခုနှစ်အတွင်း ဖိလစ်ပိုင်နိုင်ငံကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အားအပြင်းဆုံးမုန်တိုင်း ဖြစ်ပါတယ်။

Ref: BBC “Philippines Super Typhoon Rai death toll surges”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top