ထိုင်းနိုင်ငံက တိရစ္ဆာန်ဥယျာဉ်အတွက် ငွေအမြောက်အမြားရှာပေးနေတဲ့ ရေမြင်းပေါက်လေး

24.9.2024-yyl-1.jpg

ထိုင်းနိုင်ငံက မိုဒိန်အမည်ရတဲ့ ရေမြင်းပေါက်လေးဟာ လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးနေတဲ့အပြင် သူ တည်ရှိရာ တိရစ္ဆာန်ဥယျာဉ်အတွက်လည်း ငွေအမြောက်အမြားရှာပေးနေပါတယ်။

၂ လသားအရွယ်ပဲရှိသေးတဲ့ မိုဒိန်လေးက စက်တင်ဘာလရဲ့ပထမ ၁၉ ရက်အတွင်း Khao Kheow Open Zoo လက်မှတ်ရောင်းရငွေတန်ဖိုး ဘတ် ၁၂.၉၇ သန်းရှာပေးခဲ့တာပါ။ မိုဒိန်လေးက လာရောက်လည်ပတ်သူတွေကို ဆွဲဆောင်နိုင်ခဲ့ပြီး အဲ့ဒီကာလအတွင်း တိရစ္ဆာန်ဥယျာဉ်ကို လူပေါင်း ၈၁၇၈၆ ဦး လာရောက်လည်ပတ်ခဲ့ကြတာပါ။

မိုဒိန်လေးဟာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီပြည်နယ်က Khao Kheow Open တိရစ္ဆာဉ်ဥယျာဉ်တစ်ခုမှာ ရှိနေတာပါ။ ချစ်စရာကောင်းတဲ့ ရေမြင်းပေါက်လေးရဲ့ဆွဲဆောင်မှုကြောင့် လာရောက်လည်ပတ်သူအရေအတွက် ၅၀ ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့သိရပါတယ်။ တစ်နှစ်ပတ်လုံး လာရောက်လည်ပတ်သူ ၁ သန်းကျော်သွားမှာဖြစ်ပြီး ဘဏ္ဍာနှစ်အတွက် စုစုပေါင်းဝင်ငွေ ဘတ်သန်း ၂၀၀ကျော်ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားလို အခြားအာရှနိုင်ငံတွေက လာရောက်လည်ပတ်သူတွေပိုများမယ်လို့ မျှော်မှန်းထားပါတယ်။

မိုဒိန်လေးရဲ့ပျော်ရွှင်နေတဲ့ဓာတ်ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ တင်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ လူသိများသွားခဲ့တာပါ။ မိုဒိန်နဲ့ ဆက်စပ်တဲ့ အဝတ်အထည်တွေကိုလည်း ကုန်ပစ္စည်းအနေနဲ့ ထုတ်လုပ်သွားမယ်လို့လည်း တိရစ္ဆာန်ဥယျာဉ်က ကြေညာထားပါတယ်။

Ref: Baby hippo ‘Moo Deng’ brings in S$470,000 for zoo in less than 3 weeks

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top