တရုတ်နိုင်ငံမှာ ယာဉ်ကြောပိတ်ဆို့ရင် ဆိုင်ကယ်နဲ့ မောင်းပို့ပေးမယ့် ဝန်ဆောင်မှု ပြန်လည်စတင်

7.6.2024-yyl-2.jpg

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ယာဉ်ကြောပိတ်ဆို့မှုကြုံရလို့ အရေးတကြီးသွားစရာ ကြုံရင် ကားကို ထားခဲ့ပြီး ဆိုင်ကယ် (သို့မဟုတ်) စကူတာနဲ့ သွားလို့ရတဲ့ ဝန်ဆောင်မှုတစ်ခု ရှိပါတယ်။ Jam Busting လို့ အမည်ရတဲ့ အဲဒီဝန်ဆောင်မှုအတွက် ယွမ် ၄၀၀ ကျော် ကျသင့်မှာဖြစ်ပြီး ဆိုင်ကယ် (သို့မဟုတ်) စကူတာနဲ့ သွားလိုရာကို လိုက်ပို့ပေးမှာပါ။ ဒါ့အပြင် ပိတ်မိနေတဲ့ကားကိုလည်း သွားလိုတဲ့နေရာအထိ မောင်းပို့ပေးမှာ ဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းက အလားတူ ဝန်ဆောင်မှုမျိုး ရှိခဲ့ဖူးပေမဲ့ ရပ်ထားခဲ့တဲ့ ကားအတွက် စိတ်မချရတာ၊ ကားကြိုကားကြားထဲကနေ ဆိုင်ကယ်နဲ့ သွားရလို့ အန္တရာယ်များတာ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ဒီဝန်ဆောင်မှုကို ရပ်နားခဲ့ရဖူးပါတယ်။ ပြီးခဲ့တဲ့နှစ်မှ ဒီဝန်ဆောင်မှု တစ်ဖန် ပြန်လည်စတင်လာခဲ့တာပါ။

Ref: Beijing: Hire someone to come get you out of a traffic jam

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top