ရေကြီးရေလျှံမှုဒဏ်ခံရတဲ့ ပါကစ္စတန်ကို သွားရောက်ခဲ့တဲ့ အိန်ဂျလီနာဂျိုလီ

9-21-2022-yyl-28.jpg

ရေကြီးရေလျှံမှုဒဏ်ခံရတဲ့ ပါကစ္စတန်ကို သွားရောက်ခဲ့တဲ့ အိန်ဂျလီနာဂျိုလီ

ဟောလိဝုဒ်နာမည်ကျော်မင်းသမီး အိန်ဂျလီနာဂျိုလီဟာ ရေဘေးဒဏ်ခံခဲ့ရတဲ့သူတွေကို အကူအညီပေးဖို့ ပါကစ္စတန်ကို အင်္ဂါနေ့က ရောက်ရှိခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျိုလီက ဒါဒူမြို့မှာ ရှိနေပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးတာတွေကို လိုက်လံကြည့်ရှုနေပါတယ်။

ဂျိုလီက ပါကစ္စတန်ရဲ့အခြေအနေကို ကြည့်ပြီး အကဲဖြတ်ဖို့နဲ့ ရေဘေးဒဏ်သင့်ပြည်သူတွေရဲ့လိုအပ်ချက်တွေသိရဖို့၊ နောက်ဖြစ်လာမယ့်အရာတွေကို ရပ်တန့်ဖို့ ဘာတွေလုပ်ပေးလို့ရမလဲဆိုတာ သိရဖို့ ပါကစ္စတန်ကို ရောက်ရှိနေတာဖြစ်တယ်လို့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

ဂျိုလီက ဒါဒူမြို့ကို လေယာဉ်နဲ့မသွားခင် Johi ဒေသပတ်ဝန်းကျင်ကို စူးစမ်းလေ့လာဖို့ လှေနဲ့ လိုက်ပါခဲ့ပါတယ်။ ရေဘေးဒဏ်သင့်ပြည်သူတွေကိုလည်း ကူညီပေးဖို့ မျှော်လင့်ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရေကြီးရေလျှံမှုဒဏ်ခံရတဲ့ ပါကစ္စတန်ကို သွားရောက်ခဲ့တဲ့ အိန်ဂျလီနာဂျိုလီ

သူက နိုင်ငံတကာကယ်ဆယ်ရေးကော်မတီရဲ့တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါကစ္စတန်မှာ ရှိနေတာပါ။ ပါကစ္စတန်ပြည်သူတွေအတွက် လိုအပ်တဲ့ အရေးတကြီးပံ့ပိုးကူညီမှုအပြင် ရာသီဥတုပြောင်းလဲမှုနဲ့ လူသားရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အကျပ်အတည်းတွေကို ဖြေရှင်းဖို့ ရေရှည်နည်းလမ်းတွေကိုလည်း မီးမောင်းထိုးပြမှာဖြစ်ပါတယ်။

ဂျိုလီရဲ့ပါကစ္စတန်ခရီးစဉ်က ရာသီဥတုပြောင်းလဲမှုဒဏ်ကို ခံစားနေတဲ့နိုင်ငံတွေကို နိုင်ငံတကာအသိုက်အဝန်းကနေ ချက်ချင်းအကူအညီတွေပေးဖို့ တွန်းအားဖြစ်စေမယ်လို့ နိုင်ငံတကာကယ်ဆယ်ရေးကော်မတီက မျှော်လင့်ထားပါတယ်။

၂၀၀၅ နဲ့ ၂၀၁၀ ခုနှစ်ကလည်း ဂျိုလီဟာ ငလျင်ဒဏ်သင့်သူတွေနဲ့ တွေ့ဆုံဖို့ ပါကစ္စတန်ကို လာရောက်ခဲ့ပါသေးတယ်။

Ref: Indiatimes “Angelina Jolie Visits Flood-Ravaged Pakistan To Help People Affected By The Disaster”

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top