ငါးပြတိုက်ရဲ့ ဆေးလိပ်မသောက်ရနေရာမှာ ဆေးလိပ်သောက်နေသူတစ်ဦးကို ဘလူးဂါ ဝေလငါးက ရေနဲ့ပက်

dophin.jpg

မကြာသေးခင်က တရုတ်နိုင်ငံ၊ Dalian Sunasia Ocean World မှာ အံ့အားသင့်ဖွယ်ဖြစ်ရပ်တစ်ခုလူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ ဘလူးဂါဝေလငါးတစ်ကောင်က အမျိုးသားတစ်ဦး မီးညှိထားတဲ့ စီးကရက်ကို မီးငြိမ်းသတ်ခဲ့တဲ့ အဖြစ်အပျက်ပါပဲ။

ပလတ်စတစ်အိတ်ကိုင်ထားတဲ့ အမျိုးသားတစ်ဦးက ဆေးလိပ်မသောက်ရနေရာမှာ ရှိနေခဲ့ပြီး ဘလူးဂါဝေလငါးရဲ့ကန်ကို ကျောပေးကာ ဆေးလိပ်ကို မီးညှိနေခဲ့တာပါ။ ဝန်ထမ်းတစ်ဦးက သူ့ကို ဆေးလိပ်မသောက်ဖို့ လာပြောတဲ့အချိန် အနီးနားက ဘလူးဂါဝေလငါးလေးက ကန်ထဲမှာ ရုတ်တရက်ခုန်ပြီးတော့ အဲ့ဒီအမျိုးသားကို ရေနဲ့ပက်ပြီး ဆေးလိပ်ကို မီးငြိမ်းပစ်ခဲ့ပါတယ်။ အဲ့ဒီအမျိုးသားလည်း ဝေလငါးလေးရဲ့လုပ်ရက်ကြောင့် အံ့အားသင့်သွားခဲ့ရပါတယ်။

“Dalian Ocean World မှာ အမျိုးသားတစ်ဦဟာ ဝန်ထမ်းရဲ့သိပေးချက်ကို လျစ်လျူရှုပြီး ဆေးလိပ်ဆက်သောက်နေခဲ့တယ်။ အဲ့ဒီအချိန်မှာ အနောက်က ဘလူးဂါဝေလငါးလေးဟာ ဆေးလိပ်ကို မီးငြိမ်ပစ်ဖို့အတွက် ရေနဲ့ပက်ဖြန်းခဲ့တယ်”လို့ လူမှုကွန်ယက်ပေါ်မှာ တင်ထားတဲ့ ဗီဒီယိုမှာ ရေးသားထားပါတယ်။ ဒီဗီဒီယိုက လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပြီး လူအများကို ဆွဲဆောင်ထားနိုင်ခဲ့ပါတယ်။ တချို့က AI နဲ့ ဖန်တီးထားတာလို့ ပြောဆိုခဲ့ကြပါတယ်။

ဒီဖြစ်ရပ်က မီးဘေးကင်းလုံခြုံရေးပရိုမိုးရှင်းဗီဒီယိုအတွက် လေ့ကျင့်ပြင်ဆင်ရိုက်ကူးမှုတစ်ခုဖြစ်ခဲ့တယ်ဆိုတာ ထွက်ပေါ်လာခဲ့ပါတယ်။ ဝေလငါးလေးက သူ့ဆန္ဒအလျောက်ပြုမူခဲ့တာမဟုတ်ဘဲ ဇာတ်ညွှန်းအပေါ်အခြေခံပြီး သူ့ကို လေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုမှာ ပါဝင်ခဲ့တဲ့သူတွေက ငါးပြတိုက်ရဲ့ဝန်ထမ်းတွေဖြစ်ပြီး ဒီဗီဒီယိုဖြစ်လာဖို့အတွက် ခဏခဏရိုက်ကူးခဲ့ရတယ်လို့ Beijing News သတင်းထောက်တစ်ဦးက အတည်ပြုပေးခဲ့ပါတယ်။

Video ကြည့်ရှုရန် – https://www.youtube.com/shorts/TXuOIdNsUdQ

Ref: Beluga Whale Splashes Man Smoking At Aquarium In China, Internet Cheers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top