နာရီအနည်းငယ်ပဲလုပ်ရတဲ့ အသံသရုပ်ဆောင်အလုပ်နဲ့ တစ်လကို ဒေါ်လာ ၁၅၀၀၀ ဝင်သူ

8.9-2022-yyl-04.jpg

လွန်ခဲ့တဲ့ ၂ နှစ်က အဲလစ် အဲဗားဂရင်းတစ်ယောက် သူ့ကို စိတ်ပျော်ရွှင်မှုမပေးတဲ့အလုပ်ကနေ ထွက်လိုက်တယ်။ အဲဒီအလုပ်က တစ်ပတ်ကို နာရီ (၆၀) လောက် အလုပ်လုပ်ရပြီး တစ်နှစ်ကို ဒေါ်လာ ၄၂၀၀၀ ပဲ ရခဲ့တယ်။ သူ လုပ်ခဲ့တာကတော့ ဆေးကုမ္ပဏီတစ်ခုရဲ့ Content Manager ရာထူးနဲ့ပါ။

တစ်ပတ်ကို နာရီ ၆၀ လောက်လုပ်နေရတာက သူ့ကို မပျော်ရွှင်စေခဲ့တာကြောင့် အဲဒီအလုပ်ကိုထွက်ပြီး အချိန်ပိုင်းလုပ်ရတဲ့ အသံသရုပ်ဆောင်အလုပ်ကို လုပ်ခဲ့တယ်။ ဒီအလုပ်က နာရီအနည်းငယ်ပဲ လုပ်ရပေမဲ့ မနှစ်က ဝင်ငွေ ဒေါ်လာ ၁၀၂၀၀၀ လောက် ရခဲ့ပါတယ်။ အဲလစ်က Amazon, Southwest Airlines, OnlyFans လို ကလိုင်းယန့်တွေအတွက် အသံသရုပ်ဆောင်ပေးနေရတာပါ။

အဲလစ်က တစ်နေ့ကို ၃ နာရီ၊ ၅ နာရီလောက်ပဲ အလုပ်လုပ်ပါတယ်။ အမေရိကန်အနှံ့ အလည်အပတ်သွားနိုင်ဖို့အတွက် အပိုဝင်ငွေရအောင် သူ့ခင်ပွန်းနဲ့အတူ ကျောင်းကားတွေ ပြုပြင်ပေးတဲ့အလုပ်လည်း လုပ်ပါတယ်။ အဲလစ်က လုပ်သင့်တယ်လို့ ပြောတဲ့အရာထက် သူ့ရဲ့အိပ်မက်တွေနောက်ကိုပဲ လိုက်ချင်ခဲ့တာပါ။

သူ့ဝင်ငွေရဲ့ ၈၀ ရာခိုင်နှုန်းက freelance အလုပ်တွေဝန်ဆောင်မှုပေးတဲ့ Fiverr အပေါ် မူတည်တယ်လို့ အဲလစ်က ဆိုပါတယ်။ တစ်ခါတလေ ညဘက်တွေမှာ Fiverr ကနေ အလုပ်ရှာဖြစ်ပါတယ်။ သူ့နဲ့ ကိုက်ညီတဲ့အလုပ်ရှိရင် Fiverr ကနေ အကြောင်းကြားစာပို့ပေးပါတယ်။

“နာရီအနည်းငယ်ပဲ အလုပ်လုပ်တာမှာ အလုပ်ကို စိတ်ပါဝင်စားမှုမရှိဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အရေးမကြီးတဲ့အရာကို ဘယ်လိုလက်လွှတ်ရမလဲဆိုတာကို သိရဖို့အတွက် အချိန်အကြာကြီးယူရပါတယ်။ အိမ်ငှားခအတွက် တစ်လကို ဒေါ်လာ ၄၀၀၀ ပေးရပြီးတော့ တစ်ပတ်ကို နာရီ ၆၀ အလုပ်လုပ်ရတာက သူ လုပ်ချင်တဲ့အရာမဟုတ်ဘူး”လို့ အဲလစ်က ဆိုပါတယ်။

Ref: BusinessInsider “A millennial who quit her 60-hour-a-week job now makes up to $15,000 a month from what used to be a side hustle, report says”

WL(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top