နော်တြာဒိမ်းဘုရားကျောင်းအောက်ကနေ ရှေးဟောင်းပစ္စည်း ၁၀၀၀ ကျော် တူးဖော်တွေ့ရှိ

11.12.2024-yyl-1.jpg

မီးလောင်ပျက်စီးခဲ့တဲ့ နော်တြာဒိမ်းဘုရားကျောင်းကို ပြင်ဆင်မွမ်းမံမှုတွေ ပြုလုပ်နေချိန်အတွင်း ရှေးဟောင်းပညာရှင်တွေက တူးဖော်ရှာဖွေမှုတွေ လုပ်ခဲ့ရာမှာ အုတ်ဂူ ၁၀၀ နဲ့ ရှေးဟောင်းပစ္စည်း ၁၀၀၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ပြင်သစ်နိုင်ငံရဲ့ ဥပဒေအရ အဆောက်အအုံသစ် တည်ဆောက်မှု၊ ပြင်ဆင်မွမ်းမံမှုတွေ လုပ်နေချိန်အတွင်း ရှေးဟောင်းသုတေသနဆိုင်ရာ တူးဖော်ရှာဖွေခွင့် ရှိပါတယ်။

အဲဒီလို တူးဖော်ရှာဖွေရာမှာ ကမ္ဘာကျော် နော်တြာဒိမ်း ဘုရားကျောင်းရဲ့ အုတ်မြစ်အလွှာကို ကြုံတောင့်ကြုံခဲ မြင်ခွင့်ရခဲ့တဲ့အပြင် ရှေးဟောင်းပစ္စည်း အများအပြားပါ တွေ့ရှိခဲ့တာပါ။ Institut National de Recherches Archéologiques Préventives (INRAP) မှ ရှေးဟောင်းသုသေတနအဖွဲ့တွေဟာ ထုံးကျောက်နဲ့ ထုဆစ်ထားတဲ့ ခရစ်တော်ရုပ်တုအပါအဝင် သူတော်စင်တွေ၊ အမျိုးသားတွေရဲ့ ရုပ်တု အစိတ်အပိုင်း ရာနဲ့ချီ တူးဖော်တွေ့ရှိခဲ့ပါတယ်။

ဒါ့အပြင် ယခင်တုန်းက ဓမ္မတေးသီဆိုရာနေရာနဲ့ အထွတ်အမြတ်ထားရာစင်မြင့်ကို အများမြင်ကွင်းကနေ ပိုင်းခြားထားတဲ့ ၁၃ ရာစု ပေါင်းမိုးကို မြင်တွေ့ခွင့်ရခဲ့တာကလည်း ဗိသုကာပိုင်းအရ အရေးပါတဲ့ တွေ့ရှိမှုတစ်ရပ် ဖြစ်ပါတယ်။

(ကျင်းပပြီးစီးခဲ့တဲ့) ပါရီအိုလံပစ်ပြိုင်ပွဲအမီ နော်တြာဒိမ်းဘုရားကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ပြင်သစ်သမ္မတ မက်ခရွန်က တိုက်တွန်းနေတဲ့ကြားကနေ ပြင်သစ်သမိုင်းမှာ အရှေးအပါဆုံး အဆောက်အအုံကို ထိခိုက်မှုမရှိအောင် ဂရုတစိုက် တူးဖော်ရှာဖွေမှုတွေ လုပ်ခဲ့ရတာ ဖြစ်ပါတယ်။

Ref: Beneath Notre Dame Cathedral Archaeologists Discover More than 1,000 Artifacts and Statue
NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply