အိန္ဒိယနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူတွေရဲ့ အလောင်းတွေကို တွင်းထဲပစ်ချ

3-7-2020-yyl-046.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူတွေရဲ့ရုပ်အလောင်းတွေကို တွင်းထဲပစ်ချနေတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာပြီးနောက်မှာ အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်ရဲ့ အရာရှိတွေက တောင်းပန်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ် ထွက်ပေါ်လာတဲ့ ရုပ်သံမှတ်တမ်းအရ တစ်ကိုယ်ရေကာကွယ်ရေးဝတ်စုံ(PPE)ဝတ်ဆင်ထားတဲ့ အလုပ်သမားတွေက အိတ်အနက်နဲ့ထည့်ထားတဲ့ ရုပ်အလောင်းတွေကို တွင်းထဲ ပစ်ချနေတာ တွေ့ရပါတယ်။ အဲဒီရုပ်သံမှတ်တမ်းဟာ အစစ်အမှန်ဖြစ်တယ်လို့ ဘယ်လာရီခရိုင် အရာရှိတွေက အတည်ပြုခဲ့ပြီး ကျန်ရစ်သူမိသားစုတွေကို တောင်းပန်ခဲ့ပါတယ်။ အဲဒီရုပ်အလောင်းတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့သူ ၈ ယောက်ရဲ့ အလောင်းတွေပါ။ ကာနာတာကာပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၄၆ ဦးကျော် သေဆုံးခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ခြေရာခံစောင့်ကြည့်မှုနဲ့ ရောဂါထိန်းချုပ်မှု အောင်မြင်တဲ့ ပြည်နယ်တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။

” ကျန်ရစ်သူမိသားစုတွေကို ကျွန်တော်တို့ အနူးအညွတ်တောင်းပန်ပါတယ်။ ဒီရုပ်သံမှတ်တမ်းကြောင့် ကျွန်တော်တို့ အရမ်းဝမ်းနည်းနာကျင်ရပါတယ်၊ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။ အလောင်းတွေကို ပြုမူတဲ့ပုံစံကို ကျွန်တော်တို့ ရှုတ်ချပါတယ်။ သူတို့အနေနဲ့ ရုပ်အလောင်းတွေကို လူသားဆန်ဆန် ပြုမူရမှာပါ”လို့ ခရိုင်အရာရှိ နာကူလာက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၀၀၀၀၀ နီးပါးရှိနေပြီး ကမ္ဘာပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှု အများဆုံးနိုင်ငံများစာရင်းမှာ အဆင့်(၄) နေရာ ရပ်တည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top