အကောင်းဆုံးမင်းသားဆုရ ဇာတ်ကောင်အတွက် ၁၅ ပေါင် ဝိတ်တက်အောင်လုပ်ခဲ့ရတဲ့ မင်းသားဟွမ်ရှောင်မင်

25.6.2024-yyl-1.jpg

သိမ်းငှက်သူရဲကောင်းတရုတ်ဇာတ်လမ်းတွဲနဲ့ ရန်ကော်အဖြစ် လူသိများခဲ့တဲ့ မင်းသားဟွမ်ရှောင်မင်ဟာ ဇွန်လ ၂၂ ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shanghai International Film Festival မှာ Mostly Sunshine ဇာတ်ကားနဲ့ အကောင်းဆုံးမင်းသားဆုအတွက် Golden Goblet ဆုကို ရရှိခဲ့ပါတယ်။

သူဟာ ဒီဇာတ်ကားမှာ ဉာဏ်ရည်မမှီတဲ့မသန်စွမ်းသူတစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီး အဲ့ဒီဇာတ်ရုပ်အတွက် ၁၅ ပေါင်ဝိတ်တက်အောင်လုပ်ခဲ့ရပါတယ်။ အခု ဆုပေးပွဲတက်ရောက်တဲ့အချိန်မှာ ဇာတ်ကားထဲက ရုပ်ရှင်အသွင်အပြင်နဲ့ မတူတော့ပါဘူး။ ကိုယ်အလေးချိန် ၁၅ ပေါင် ပြန်ချထားပါတယ်။

ဒီရုပ်ရှင်ရိုက်ကူးပြီးတဲ့နောက်မှာ ကိုယ်အလေးချိန် ချဖို့အတွက် ၂ ပတ်အချိန်ယူခဲ့တာပါ။ ၂ ပတ်အတွင်း ၁၅ ပေါင်ကျအောင်လုပ်ခဲ့ပါတယ်။ ဒီဇာတ်ကောင်အတွက်အကောင်းဆုံးမင်းသားဆုလက်ခံပြီးတဲ့နောက် အင်တာဗျူးဖြေဆိုရာမှာ နောက်ထပ်ဇာတ်ကားအတွက် ၂၅ ပေါင် ထပ်ချဖို့ လိုအပ်သေးတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

Ref: Best Actor Winner Huang Xiaoming Lost 15Kg Over 2 Weeks, After Gaining Weight For Award-Winning Role

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top