လူမှုကွန်ယက်အသုံးပြုသူတွေကို သဘောကျသွားစေတဲ့ ကမ္ဘာကျော် အက်ရှင်မင်းသားကြီးနှစ်ဦးရဲ့ သူငယ်ချင်းဆက်ဆံရေး

yyl-29-016.jpg

ကမ္ဘာကျော်အက်ရှင်မင်းသားကြီးနှစ်ဦးဖြစ်တဲ့ အာနိုးရှဝါဇနက်ဂါ (Arnold Schwarzenegger) နဲ့ ဂျက်ကီချန်း (Jackie Chan) တို့က အက်ရှင်ဇာတ်ကားတွေမှာ ပါဝင်ခဲ့တာ ဆယ်စုနှစ် (၄) ခုကျော်နေပါပြီ။ အဲဒီမင်းသားကြီးနှစ်ယောက်မှာ အာနိုးကတော့ အသက် (၇၂) နှစ်ဖြစ်ပြီး ဂျက်ကီချန်းကတော့ (၆၅) နှစ်ဖြစ်ပါတယ်။ သူတို့နှစ်ယောက်က အသက်အရွယ် တော်တော်ကြီးနေပေမဲ့လည်း အက်ရှင်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်နိုင်နေသေးပါတယ်။ သူတို့နှစ်ယောက်က ၂၀၀၄ခုနှစ်ရဲ့ Around the World in 80 days ဇာတ်ကားမှာ အတူတူပါဝင်သရုပ်ဆောင်ခဲ့ဖူးသလို မကြာသေးခင်ကလည်း Journey To China: The Mystery Of Iron Mask” ရုပ်ရှင်ကားမှာ အတူူတူပါဝင်သရုပ်ထားပြန်ပါတယ်။

သူတို့နှစ်ယောက်က ဇာတ်ကားတွေထဲမှာ အတူတူသရုပ်ဆောင်ရင်းနဲ့ ပိုပြီးရင်းနှီးလာခဲ့တယ်လို့ ပြောလို့ရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မင်းသားကြီးအာနိုးက ဂျက်ကီချန်းနဲ့ ဘယ်လောက်ရင်းနှီးကြောင်းကို သူ့ရဲ့အင်စတာဂရမ်မှာ ဂျက်ကီချန်းနဲ့ရိုက်ထားတဲ့ပုံကို ပရိသတ်တွေကို မျှဝေပေးခဲ့ပါတယ်။ “Temminator darkfate world tour ကနေ ပြန်ရောက်တဲ့အချိန်မှာ ကျွန်တော့ရဲ့သူငယ်ချင်းဟောင်းကြီး၊ ကျွန်တော့ရဲ့ဟီးရိုးနဲ့ ဆုံတွေ့ရတာ သိပ်ကောင်းတာပဲ” ဆိုတဲ့စာသားကိုလည်း ရေးသားခဲ့ပါတယ်။

မင်းသားကြီးဂျက်ကီချန်းကလည်း အပြန်အလှန်အနေနဲ့ အာနိုးတင်ခဲ့တဲ့ပုံနဲ့ပဲ “ကျွန်တော့ရဲ့မိတ်ဆွေဟောင်း၊ ဟီးရိုးနဲ့ တွေ့ဆုံရတာ အရမ်းပျော်ပါတယ်” ဆိုတဲ့စာသားကိုရေးသားပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့ပုံကို အင်စတာဂရမ်အသုံးပြုသူတွေက မြင်ပြီး နှစ်သက်သဘောကျနေကြသလို ပုံတစ်ပုံတည်းမှာပဲ ဟီးရိုး (၂) ဦးလုံးကိုတွေ့ရတာပဲ။ ငယ်ဘဝကတည်းက ကျွန်တော်ရဲ့အိုင်ဒေါနှစ်ယောက်၊ လေးစားပါတယ်။ ချစ်ခင်ပါတယ်လို့လည်း ဝမ်းသာအားရနဲ့ ပြောဆိုနေကြပါတယ်။

အာနိုးနဲ့ဂျက်ကီချန်းတို့ရဲ့ပုံက ဘယ်နေရာမှာတွေ့ဆုံပြီး ရိုက်ခဲ့တာလည်းဆိုတာတော့မသိရပါဘူး။ ဒါပေမဲ့ ဂျက်ကီးချန်းက 2019 Britannia Awards (BEFTA) ဆုပေးပွဲကို တက်ရောက်ဖို့အတွက် လော့စ်အိန်ဂျယ်လိစ်မြို့ကို သောကြာနေ့က လာရောက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းကို ဖျော်ဖြေတင်ဆက်မှုတွေ ဖြန့်ဝေပေးနိုင်တဲ့အတွက် Albert R.Broccoli Britannia Award ဆုကိုရရှိခဲ့ပါတယ်။ အဲဒီကို လာရောက်တုန်းက သူတို့နှစ်ယောက်တွေ့ဆုံခဲ့ကြတာ ဖြစ်နိုင်ပါတယ်။

လက်ရှိမှာတော့ မင်းသားကြီးအာနိုးက အောက်တိုဘာ (၃၁) ရက်နေ့မှာရုံတင်ပြသမယ့် Teminator ရုပ်ရှင်ကားအတွက် အလုပ်များနေပြီး မင်းသားကြီးဂျက်ကီချန်းကတော့ ထူးချွန်ဆုတွေရရှိနေသလို ရုပ်ရှင်ကားသစ်တွေ ရိုက်ကူးဖို့လုပ်နေပါတယ်။

Ref: SCM “Arnold Schwarzenegger and Jackie Chan share a photo together, causes stir on Instagram”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top