YouTube သမိုင်းတစ်လျှောက်မှာ Subscriber သန်း ၁၀၀ ကျော်သွားတဲ့ ပထမဆုံးအနုပညာရှင်ဖြစ်လာတဲ့ BLACKPINK

bla.jpg

ကမ္ဘာကျော်ကိုရီးယားအဆိုအဖွဲ့ BLACKPINK ဟာ YouTube မှာ သမိုင်းဝင်ပထမဆုံးစံချိန်တင်နိုင်ခဲ့ပါပြီ။ သူတို့ရဲ့တရားဝင် YouTube ချန်နယ်မှာ Subscriber သန်း ၁၀၀ပြည့်သွားတဲ့ ပထမဆုံးအနုပညာရှင်ဖြစ်လာခဲ့တာပါ။ ဒါကို YouTube က ဖေဖော်ဝါရီ ၂၀ ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။

Subscriber သန်း ၁၀၀ ပြည့်သွားတဲ့အတွက် YouTube က BLACKPINK အဖွဲ့ကို သီးသန့် Red Diamond Creator Award ကို ပေးအပ်ခဲ့ပါတယ်။ လက်ရှိမှာ BLACKPINK အဖွဲ့ရဲ့ တရားဝင် YouTube ချန်နယ်ရဲ့ 1 Billion Views Club မှာ “DDU-DU DDU-DU” , “Kill This Love” ,“BOOMBAYAH” , “AS IF IT’S YOUR LAST” , “How You Like That” , “Pink Venom” ဗီဒီယိုတွေအပါအဝင် ဗီဒီယို ၉ ခုရှိပါတယ်။

ပြီးခဲ့တဲ့ ၁၂ လအတွင်းမှာပဲ BLACKPINK ဟာ YouTube မှာ ကြည့်ရှုသူ စုစုပေါင်း ၃.၃ ဘီလျံရှိခဲ့ပါတယ်။

Ref: BLACKPINK Becomes 1st Artist In YouTube History To Surpass 100 Million Subscribers

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top