တိုင်တန်းနစ်သင်္ဘောပေါ်က တကယ့်အချစ်ဇာတ်လမ်း

9-21-2022-yyl-23.jpg

တိုင်တန်းနစ်ဇာတ်ကားထဲမှာ သင်္ဘောထဲ ရေတွေဝင်လာပြီး မြုပ်လုဆဲဆဲဖြစ်နေချိန် အိပ်ရာထဲမှာ တစ်ယောက်နဲ့တစ်ယောက် ဖက်ထားကြတဲ့ သက်ကြီးရွယ်အိုစုံတွဲကို ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်က ရိုက်ပြတယ်။ ဒါဟာ အစ်ဆီဒါစထရက်နဲ့ အီဒါစထရက်တို့ ဇနီးမောင်နှံရဲ့ တကယ့်ဖြစ်ရပ်မှန်ကို ပုံဖော်ထားတာပါ။

အသက် ၆၇ နှစ်အရွယ် အစ်ဆီဒါစထရက်က အမေရိကန်လွှတ်တော်အမတ်ဟောင်း၊ Macy ကုန်တိုက်တွေကို ပူးတွဲပိုင်ဆိုင်သူပါ။ သူတို့ဇနီးမောင်နှံ ပေါင်းသင်းလာတာ နှစ် ၄၀ ရှိပြီ။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းသံယောဇဉ်ကြီးတယ်။ တိုင်တန်းနစ်သင်္ဘော နစ်တော့မယ့်အချိန်မှာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို အသက်ကယ်လှေပေါ် ဦးစားပေးတက်ခိုင်းတယ်။

သူခင်ပွန်းလည်း အသက်ကယ်လှေပေါ် လိုက်လာမယ့်အထင်နဲ့ အီဒါစထရက်က လှေပေါ် တက်လိုက်တယ်။ ဒါပေမဲ့ အစ်ဆီဒါက လှေပေါ် လိုက်မလာဘူး။ အသက်ကယ်လှေကို လျှောချပေးဖို့ ပြင်နေတဲ့ သင်္ဘောအရာရှိက ပြောတယ်။ ” ဆရာက အသက်ရနေပါပြီ။ ပြီးတော့ ဆရာ့ကိုလည်း ကျွန်တော်တို့ ကောင်းကောင်းသိပါတယ်။ ဆရာလည်း ဒီလှေပေါ် လိုက်ခွင့်ရှိပါတယ်” တဲ့။

ဒါပေမဲ့ အစ်ဆီဒေါက ငြင်းတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအကုန် အသက်ကယ်လှေပေါ် လိုက်ခွင့်မရမချင်း သူ လှေပေါ် မလိုက်နိုင်ဘူးတဲ့။ ဒီတော့ အီဒါကလည်း ပြန်ဆင်းလာတယ်။ သူ့ခင်ပွန်း မလိုက်ရင် သူလည်း မလိုက်နိုင်ဘူးတဲ့။ ” ရှင်သွားရာကို ရှင်နဲ့အတူ လိုက်မယ်တဲ့”။ တိုင်တန်းနစ် ဇာတ်ဝင်ခန်းထဲမှာ ဒီအခန်းကို ရိုက်ကူးခဲ့ပေမဲ့ နောက်ပိုင်းမှ ပြန်ဖျက်လိုက်တာပါ။

အစ်ဆီဒါနဲ့ အီဒါတို့ ဇနီးမောင်နှံက တစ်ယောက်နဲ့တစ်ယောက် ဖက်ထားရင်း မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ သင်္ဘောကြီးနဲ့အတူ နစ်မြုပ်သွားခဲ့တယ်။ သူတို့ ကွယ်လွန်သွားခဲ့ပေမဲ့ သူတို့နှစ်ဦးကြားက ချစ်ခြင်းမေတ္တာနဲ့ တခြားသူတွေအတွက် စွန့်လွှတ်အနစ်နာခံတဲ့စိတ်ကတော့ ဒီနေ့အထိ ရှင်သန်ဆဲ၊ လူတွေအတွက် အမှတ်တရ ဖြစ်နေဆဲပါပဲ။

Ref: Isidor and Ida Straus, Titanic

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top