နှစ်သစ်ဘောက်ဆူး ဒေါ်လာ ၂၀၂၀ရရှိခဲ့တဲ့ စားသောက်ဆိုင်လေးက စားပွဲထိုး

yyl-020.jpg

နှစ်သစ်ကူးနေ့မှာ မီချီဂန်မြို့ရဲ့စားသောက်ဆိုင် အသေးစားလေးက စားပွဲထိုးတစ်ယောက်ဟာ လာရောက်စားသောက်သူဆီကနေ နှစ်သစ်ဘောက်ဆူး ရရှိခဲ့တယ်လို့ ဆိုပါတယ်။ သူတို့စားသောက်တဲ့ ကုန်ကျစရိတ်က ဒေါ်လာ ၂၃ ဖြစ်ခဲ့ပေမဲ့ စားပွဲထိုးရရှိခဲ့တဲ့ ဘောက်ဆူးကတော့ အဲဒီထက်ပိုများတဲ့ ဒေါ်လာ ၂၀၂၀ ဖြစ်ပါတယ်။ နှစ်သစ်ဘောက်ဆူး ရရှိခဲ့တဲ့စားပွဲထိုးဟာ အသက် ၃၁ နှစ်အရွယ် ဒန်နီရယ်လ် ဖရန်ဇိုနီအမည်ရတဲ့ အမျိုးသမီးပါပဲ။

တနင်္ဂနွေနေ့က စားသောက်ဆိုင်မှာ ဖရန်ဇိုနီအလုပ်လုပ်နေရင်း ဘောက်ဆူးရခဲ့တာပါ။ ဘောက်ဆူး credit card ဖြတ်ပိုင်းမှာ “Happy New Year 2020 Tip Challenge”လို့ ရေးသားထားပါတယ်။ Single motherဖြစ်တဲ့ ဖရန်ဇိုနီက ရရှိခဲ့တဲ့ ဘောက်ဆူးပမာဏကို မယုံကြည်နိုင် ဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့မန်နေဂျာက ဘောက်ဆူးဟာ အမှန်တကယ် ဖြစ်တယ်ဆိုတာကို အတည်ပြုပေးခဲ့ပါတယ်။ သူဟာ လွန်ခဲ့တဲ့တစ်နှစ်က အိမ်ခြေရာမဲ့ စောင့်ရှောက်ရေးဂေယာမှာ နေထိုင်ခဲ့တာလို့ ပြောပါတယ်။ သူက သူ့ရဲ့ကားမောင်းလိုင်စင် ပြန်ရဖို့နဲ့ ငွေစုဖို့အတွက် ဒီပိုက်ဆံကို အသုံးပြုမှာဖြစ်ပါတယ်။

“ကျွန်မလိုလူက ဒီလိုအရာတွေ မဖြစ်ခဲ့ဖူးပါဘူး။ သူတို့က ကျွန်မအကြောင်းကို ဘာမှမသိပါဘူး။ ကျွန်မ ဘယ်ကလာလည်း ဆိုတာလည်း သူတို့မသိဘူး။ ဘယ်လောက် ခက်ခဲခဲ့လဲဆိုတာကို မသိပါဘူး။ သူတို့ရဲ့ နှလုံးသားကထွက်လာတဲ့ အကြင်နာတရားနဲ့ ဒါကို သူတို့ပေးခဲ့တာပါ”လို့ ဘောက်ဆူးပေးသွားတဲ့ စုံတွဲအကြောင်း သူကပြောပါတယ်။အဲဒီနောက်မှာ ဖရန်ဇိုနီဟာ စားသောက်ဆိုင်တစ်ခုကို သွားခဲ့ပြီး အခြားသူအတွက် ဘောက်ဆူး ဒေါ်လာ ၂၀.၂၀ ချန်ခဲ့ပါတယ်။ ဒါက သူတို့ရဲ့ အကြင်နာတရားကို တုန့်ပြန်တဲ့သဘောပါပဲ”လို့ ပြောပါတယ်။

Ref: Server at a small-town restaurant gets a $2,020 Happy New Year tip

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top