ဝန်ထမ်းတွေအတွက် ဆုကြေးငွေ ဒေါ်လာ သန်း ၂၄၀ ပေးအပ်ခဲ့သူ

993c434fc5554de9d12a717032832ddb.jpg

ကုမ္ပဏီကို ရောင်းချခဲ့ပြီးနောက် ကုမ္ပဏီပိုင်ရှင်က ဝန်ထမ်းတွေအတွက် ဆုကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၄၀ ပေးအပ်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ် အခြေစိုက် Fibrebond ကုမ္ပဏီဟာ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံ ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပါတယ်။

ကုမ္ပဏီပိုင်ရှင် ဂရေဟမ်ဝေါ်ကာက ကုမ္ပဏီကို ဒေါ်လာ ၁.၇ ဘီလျံနဲ့ ရောင်းချခဲ့တာဖြစ်ပြီး အမြဲတမ်းဝန်ထမ်း ၅၄၀ အတွက် ဆုကြေးငွေ ဒေါ်လာ သန်း ၂၄၀ ပေးအပ်ခဲ့တာပါ။ ဝန်ထမ်းတွေဟာ သူတို့ရဲ့ ဆုကြေးငွေ ပေးအပ်လွှာကို ဖွင့်ဖောက်ခဲ့ပြီးနောက် မယုံနိုင်အောင် အံ့အားသင့်ခဲ့ကြပါတယ်။

 Fibrebond ကုမ္ပဏီမှာ နှစ် ၃၀ နီးပါး အလုပ်လုပ်ခဲ့တဲ့ လက်ရှာကေးကတော့ သူ ရရှိတဲ့ ဆုကြေးငွေကြောင့် အိမ်ဝယ်နိုင်တဲ့အပြင် ကိုယ်ပိုင်အထည်ဆိုင်လေးတစ်ဆိုင်ပါ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဝန်ထမ်းပေါင်းများစွာအတွက် အနားယူဖို့ လုံလောက်တဲ့ ငွေကြေးပမာဏမျိုးကို ဂရေဟမ်ဝေါ်ကာက ဆုကြေးအဖြစ် ပေးအပ်ခဲ့တာပါ။

သူ့ရဲ့ ဆုကြေးငွေကြောင့် လူဦးရေ ၁၂၀၀၀ ဝန်းကျင်ရှိတဲ့ မိုင်ဒန်မြို့လေးမှာ ငွေကြေးသုံးစွဲမှုတွေ တဟုန်ထိုးမြင့်တက်လာခဲ့ပြီး ဒေသခံစီးပွားရေးလုပ်ငန်းတွေကိုပါ အားကောင်းသွားစေခဲ့ပါတယ်။

Ref: Boss gifts bonus cheques averaging $443k to hundreds of staff after sale of company

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top