ကမ္ဘာ့အသေးဆုံး ပင်ဂွင်းတွေကို စောင့်ရှောက်ကာကွယ်ပေးနေတဲ့ ခွေးလေးတွေ

25.5.2023-yyl-3.jpg

သြစတြေးလျနိုင်ငံရဲ့ Middle Island ဆိုတဲ့ ကျွန်းပေါ်မှာ ကမ္ဘာ့အသေးဆုံး ပင်ဂွင်းမျိုးစိတ်တွေ ကျက်စားကြတယ်။ တစ်ပေသာသာလောက်ပဲ ရှိတဲ့ ပင်ဂွန်းငှက်လေးတွေကို ကမ္ဘာပေါ်မှာ မြင်တွေ့နိုင်တဲ့ တစ်ခုတည်းသောနေရာက Middle Island ပါပဲ။

၁၉၉၁ ခုနှစ်ကစပြီး နုန်းတင်တာနဲ့ ဒီရေကြောင့် သြစတြေးလျ ကုန်းမကြီးနဲ့ Middle Island ကြား လမ်းပေါ်လာတယ်။ သိပ်မကြာခင်မှာပဲ မြေခွေးတွေက ဒီလမ်းကို ရှာတွေ့သွားပြီး ပင်ဂွင်းတွေကို ကိုက်ဖြတ်စားသောက်ကြတော့တယ်။ ဒီပြဿနာကို ဘယ်လို ရှင်းရမလဲမသိ ဖြစ်နေချိန် ဒေသခံကြက်မွေးမြူးရေးသမားတစ်ယောက်က မြေခွေးအန္တရာယ် ဖြေရှင်းဖို့ ခွေးတွေ သုံးကြည့်ပါလားလို့ အကြံပေးတယ်။
ဆွမ်ပီမက်ရှ်က ကြက် ၅၀၀၀ လောက် မွေးမြူထားသူ။ သူ့ကြက်တွေကို ကာကွယ်ဖို့ Maremma ခွေးတွေကို သူ မွေးထားတယ်။ အကောင်ထွားထွား ခွေးဖြူကြီးတွေဟာ အီတလီနိုင်ငံ ကမ်းရိုးတန်း မာရမ်မာဒေသ မျိုးစိတ်တွေပါ။ အစောပိုင်းတုန်းက Middle Island ပေါ် ခွေးတွေ ပို့ခွင့်မရှိလို့ ပိတ်ပင်ထားပေမဲ့ မတတ်သာတဲ့အဆုံး ကောင်စီဝင်တွေက ပင်ဂွင်းတွေ မျိုးမသုန်းအောင်လို့ ဆွမ်ပီမက်ရှ်ရဲ့ အကြံကို လက်ခံလိုက်ကြတယ်။

ဆွမ်ပီမက်ရှ်က အော့ဒ်ဘောဆိုတဲ့ သူ့ခွေးကြီးနဲ့ ကျွန်းပေါ်ကိုလာပြီး မြေခွေးရန်ကို ဖြေရှင်းခဲ့တယ်။ မြေခွေးနံ့ရတာနဲ့ ခွေးက ထိုးဟောင်လို့ မြေခွေးတွေ ကြောက်ကုန်ပြီး ကျွန်းပေါ်ကို အရောက်အပေါက် နည်းသွားတယ်။ ၂၀၀၆ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်ကြားကာလအတွင်း ဆွမ်ပီမက်ရှ်က Mamemma ခွေးနှစ်ကောင် သားဖောက်ခဲ့ပြီး ပင်ဂွင်းကာကွယ်ရေးစီမံကိန်းကို တိုးချဲ့ခဲ့တယ်။ ဒီစီမံကိန်းကြောင့် Middle Island ပေါ်မှာ ပင်ဂွင်းအကောင် ၁၈၀ လောက် တိုးပွားလာခဲ့တာပါ။

Ref: Big White Dogs Save the World’s Smallest Penguin in Australia

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top