ရိုင်ယန်ဂေါ့စလင်းရဲ့သရုပ်ဆောင်သက်တမ်းတစ်လျှောက်မှာ Barbie ဇာတ်ကားက သူ့ရဲ့ရုံတင်ငွေအများဆုံးဇာတ်ကားဖြစ်လာ

28.7.23-yyl-1.jpg

မင်းသား ရိုင်ယန်ဂေါ့စလင်းကို La La Land ဇာတ်ကားနဲ့ လူသိများကြပါတယ်။ La La Land ဇာတ်ကားထွက်ရှိခဲ့တဲ့အချိန်တုန်းက Box Office မှာ အောင်မြင်မှုရရှိခဲ့ပါတယ်။ လတ်တလော ရုံတင်ပြသနေပြီး ရိုင်ယန် ပါဝင်သရုပ်ဆောင်ထားတဲ့ Barbie ဇာတ်ကားအသစ်ကဆိုရင် သူ့ရဲ့ La La Land ဇာတ်ကားထက် ရုံတင်ငွေအများဆုံးရရှိနေပါတယ်။ ဒါကြောင့် ရိုင်ယန်ရဲ့သရုပ်ဆောင်သက်တမ်းတစ်လျှောက်မှာ Barbie ဇာတ်ကားက သူ့အတွက် ရုံတင်ငွေအများဆုံးဇာတ်ကားဖြစ်လာခဲ့ပါတယ်။

ရိုင်ယန်က Barbie ဇာတ်ကားမှာ Ken အဖြစ် သရုပ်ဆောင်ထားတာပါ။ အဲဒီဇာတ်ကားက ရုံတင်တာ တစ်ပတ်မပြည့်ခင်မှာပဲ ရုံတင်ငွေ ဒေါ်လာ သန်း ၄၇၀ ရရှိနေပါပြီ။ အော်စကာဆန်ကာတင်စာရင်းဝင် La La Land ကတော့ ရုံတင်စဉ်အတွင်း ဒေါ်လာ ၄၄၇ သန်းရရှိခဲ့တာပါ။ La La Land ဇာတ်ကားနဲ့ ရိုင်ယန်က အော်စကာဆုပေးပွဲမှာ အကောင်းဆုံးမင်းသားအဖြစ် ဆန်ကာတင်စာရင်းဝင်ခဲ့သလို အကောင်းဆုံးမင်းသားအဖြစ် ရွှေကမ္ဘာလုံးဆုလည်း ရရှိခဲ့ပါတယ်။

တစ်ခေတ်တစ်ခါက အောင်မြင်ခဲ့တဲ့ Animation ဇာတ်ကားကို Live Action အဖြစ် အသက်သွင်းထားတဲ့ ဒီ Barbie ဇာတ်ကားဟာဆိုရင် ထွက်ရှိမလာခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားတစ်ကားပါပဲ။

Ref: Barbie has become the biggest film of Ryan Gosling’s career after overtaking La La Land

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top