အလာဘားမားပြည်နယ်က အသက် ၁၂ နှစ်အရွယ် နေသန် ယူအီလို့ အမည်ရတဲ့ ကောင်လေးဟာ သူ ကင်ဆာရောဂါတွန်းလှန်နေရတဲ့အချိန်မှာ သူ နေထိုင်ရာနေရာမှာရှိတဲ့ ကလေးဆေးရုံတွေဆီ အီစတာလက်ဆောင်ခြင်း ၁၀၀ ကျော် ပို့ပေးခဲ့ပါတယ်။ နေသန်က အဆင့် ၄ ဟော့ကင်းပြန်ရည်ကျိတ်ကင်ဆာရောဂါကို ကုသမှုခံယူနေရတာပါ။
သူ့ရဲ့ကျန်းမာရေးအခြေအနေ မကောင်းပေမဲ့ အီစတာအားလပ်ရက်မှာ သူ့လိုမျိုး ဆေးရုံတက်နေရတဲ့ကလေးတွေကို စိတ်အခြေအနေလေး ပုံမှန်ထက်ပိုကောင်းသွားဖို့ ကူညီပေးချင်ခဲ့တာပါ။ သူဆိုရင်လည်း ဆေးရုံမှာ ရှိနေတဲ့အချိန်ဆို သူများက ပေးတဲ့လက်ဆောင်တွေကို အမြဲတန်ဖိုးထားလေ့ရှိပါတယ်။
လက်ဆောင်ခြင်းတွေပေးတာက အခြားကလေးတွေကို စိတ်တည်ငြိမ်အောင် (ဒါမှမဟုတ်) စိတ်လှုပ်ရှားအောင် ကူညီပေးနိုင်ဖို့ နေသန် မျှော်လင့်ခဲ့တာပါ။ လက်ဆောင်ခြင်းပို့ပေးတဲ့အစီအစဉ်ကို စတင်တဲ့အချိန်မှာ နေသန်နဲ့ သူ့မိသားစုက လက်ဆောင်ခြင်းတွေအတွက် ငွေစုဆောင်းနိုင်ဖို့ မျှော်လင့်ချက်နဲ့ ရန်ပုံငွေရှာခဲ့ပါတယ်။ ၂၄ နာရီအတွင်းမှာ ဒေါ်လာ ၂၀၀၀ ကျော်ရရှိခဲ့ပါတယ်။ သူတို့မိသားစုက လက်ဆောင်ခြင်း ၁၂၄ ခြင်း ဝယ်ယူနိုင်ခဲ့ပြီး Providence Children’s Hospital နဲ့ the Alaska Native Medical Center နှစ်ခုစလုံးက ကလေးတွေဆီ ပို့ပေးခဲ့ပါတယ်။
နေသန်ရဲ့လက်ဆောင်ခြင်းပို့ပေးမှုက ဆေးရုံတက်နေတဲ့ကလေးတွေကို သူ့တို့ဘဝရဲ့ခက်ခဲတဲ့အချိန်မှာ စိတ်ပျော်ရွှင်မှုကို ခံစားရစေခဲ့တယ်လို့ Providence Children’s Hospital ရဲ့ကလေးအထူးကုဌာန သူနာပြုကြီးရဲ့ပြောစကားအရ သိရပါတယ်။
Ref: Boy, 12, Delivers More Than 100 Easter Baskets to Children’s Hospitals amid His Own Stage 4 Cancer Journey
WL (ရိုးရာလေး)

