ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်ကုမ္ပဏီတွေက ၂၀၂၀ ပြည့်နှစ် နှစ်ကုန်အထိ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခွင့်ပေး

8-5-2020-yyl-043.jpg

နည်းပညာလောကရဲ့ ထိပ်တန်းကုမ္ပဏီတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်ကုမ္ပဏီတွေကတော့ သူတို့ရဲ့ဝန်ထမ်းတွေကို ၂၀၂၀ ပြည့်နှစ်ကုန်တဲ့အထိ အိမ်ကနေ အလုပ်လုပ်ခွင့်ပေးမယ်လို့ ကြေညာထားပါတယ်။ ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်ကုမ္ပဏီတွေက သူတို့ရဲ့ရုံးခန်းတွေကို မကြာခင် ပြန်ဖွင့်းဖို့ စီစဉ်နေပေမဲ့ အိမ်ကနေ အလုပ်လုပ်တာကိုလည်း ခွင့်ပြုပေးသွားမှာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ရင်ဆိုင်နေရချိန်မှာ တချို့ဝန်ထမ်းတွေက ရုံးပြန်တက်ရမှာကို စိုးရိမ်ပူပန်နေကြပါတယ်။

အစောပိုင်းမှာ ဂူဂဲလ်ကုမ္ပဏီက ဇွန်လ ၁ ရက်နေ့အထိ အိမ်ကနေ အလုပ်လုပ်ခွင့်ပေးမယ်လို့ ပြောခဲ့ပေမဲ့ အခုအခါမှာတော့ အိမ်ကနေ အလုပ်လုပ်ခွင့်ပေးတဲ့ကာလကို နောက်ထပ် ၇ လ တိုးမြှင့်ပေးခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ ပိတ်ဆို့မှုတွေကို တဖြည်းဖြည်းချင်း လျှော့ချပေးနေလို့ ဇူလိုင်လ ၆ ရက်နေ့မှာ သူတို့ကုမ္ပဏီရဲ့ ရုံးတွေကို ပြန်ဖွင့်မယ်လို့ ဖေ့ဘွတ်ခ်က ပြောပါတယ်။ ဘယ်ဝန်ထမ်းတွေကို ရုံးပြန်တက်ခိုင်းရမလဲဆိုတာကတော့ စဉ်းစားနေတုန်းပဲလို့ ဖေ့ဘွတ်ခ်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဖေ့ဘွတ်ခ်ကုမ္ပဏီဟာ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခွင့်ပေးတဲ့ ပထမဆုံး နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး ကလေးစောင့်ရှောက်မှုစရိတ်အဖြစ် ဝန်ထမ်းတွေကို ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top