ကင်ဆာရောဂါအသိပညာပေးဖို့အတွက် သူ့ရဲ့ရင်သားခွဲစိတ်မှုအမာရွတ်တွေကို ထုတ်ပြခဲ့တဲ့ အန်ဂျလီနာ ဂျိုလီ

time.jpg

အသက် ၅၀ အရွယ် အော်စကာဆုရှင် မင်းသမီးအန်ဂျလီနာ ဂျိုလီ ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ရင်သားနှစ်ဖက်စလုံးခွဲစိတ်ကုသမှုအမာရွတ်ကို Time Magazine ရဲ့ ဓာတ်ပုံရိုက်ကူးမှုမှာ ပြသထားပါတယ်။ သူဟာ ရင်သားကင်ဆာရောဂါအသိပညာပေးဖို့ ရည်ရွယ်ကာ ဒီအမာရွတ်ကို ပြသခဲ့တာဖြစ်ပါတယ်။

သူ ချစ်မြတ်နိုးတဲ့ အမျိုးသမီးတွေနဲ့ ဒီအမာရွတ်တွေကို မျှဝေတာပါ။ တခြားသူတွေ သူတို့ရဲ့အမာရွတ်တွေကို မျှဝေတာကို မြင်တဲ့အခါ သူ အမြဲစိတ်လှုပ်ရှားမိတယ်လို့ Time Magazine မှာ ထုတ်ပြောထားပါတယ်။

ဂျိုလီက Time Magazine ဒီဇင်ဘာလထုတ်မျက်နှာဖုံးမှာ သူ့ရဲ့ရင်ဘတ်ကို လက်နဲ့ အုပ်ပြီး Pose ပေးထားတာတွေ့ရပါတယ်။ ဒီလှုပ်ရှားမှုက ကင်ဆာရောဂါအကြောင်းအသိပညာပေးရာမှာ အထောက်အကူဖြစ်စေမယ်လို့ သူ မျှော်လင့်ထားကြောင်းလည်း ပြောထားပါတယ်။ ဒီ Time Magazine အသစ်ကို ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ရောင်းချပေးသွားမှာဖြစ်ပါတယ်။

သူက ကင်ဆာရောဂါရနိုင်ခြေမြင့်မားတဲ့ BRCA1 မျိုးရိုးဗီဇပြောင်းလဲမှုရှိကြောင်း သိရှိပြီးနောက် ၂၀၁၃ ခုနှစ်မှာ ရင်သားနှစ်ဖက်စလုံးကို ဖယ်ရှားခဲ့ပြီး ပြန်လည်ပြုပြင်ခွဲစိတ်မှုတွေလုပ်ခဲ့ရပါတယ်။ ရင်သားဖြတ်ထုတ်ခွဲစိတ်မှု နှစ်ကြိမ်အပြီးမှာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ သားဥအိမ်နဲ့ သားဥပြွန်တွေကိုလည်း ဖယ်ရှားခဲ့ပါတယ်။

ဂျိုလီရဲ့မိခင်ပြင်သစ်မင်းသမီးမာချယ်လင်း ဘာထရန်က ၂၀၀၇ ခုနှစ်မှာ သားဥအိမ်ကင်ဆာရောဂါနဲ့ ဆုံးပါးသွားခဲ့တာပါ။ သူ့အဘွားနဲ့ အဒေါ်ကလည်း ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။

လက်ရှိမှာတော့ ဂျိုလီက Couture ရုပ်ရှင်ကားမှာ ရင်သားကင်ဆာရောဂါခံစားနေရတဲ့ အမေရိကန်ရုပ်ရှင်ဒါရိုက်တာ Maxine Walker အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လမ်းက သူ့အတွက် အရမ်းကိုယ်ရေးကိုယ်တာဆန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ဇာတ်ကောင် Maxine Walker နဲ့ နက်ရှိုင်းတဲ့ ဆက်နွယ်မှုရှိသလို ခံစားရတယ်လို့ ဝန်ခံထားပါတယ်။

Ref: Brave Angelina Jolie reveals mastectomy scars in photoshoot as she aims to raise cancer awareness 12 years after surgery

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top