UK ကို ဝင်ရောက်နိုင်ဖို့ ယူကရိန်းဒုက္ခသည် ၁၀၀၀ ကို ငွေကြေးထောက်ပံ့ကူညီသွားမယ့် သန်းကြွယ်သူဌေး

11-2-2022-yyl05.jpg

ဗြိတိန်လူမျိုးသန်းကြွယ်သူဌေးတစ်ယောက်က ရုရှားကျူးကျော်စစ်ကြောင့် ဖြစ်ခဲ့တဲ့ လူသားချင်းစာနထောက်ထားမှုဆိုင်ရာပြဿနာအပေါ် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ အဲဒါကြောင့် သူက ယူကရိန်းဒုက္ခသည် ၁၀၀၀ အတွက် UK ကို ဝင်ရောက်နိုင်ဖို့ ငွေကြေးထောက်ပံ့ကူညီပေးသွားမှာဖြစ်ပါတယ်။

အိမ်ဆောက်လုပ်ရေးကုမ္ပဏီ Redrow တည်ထောင်သူ စတိဗ် မော်ဂန် (Steve Morgan) ဆိုတဲ့ အဲဒီသန်းကြွယ်သူဌေးဟာ ယူကရိန်းကနေ ထွက်ပြေးလာတဲ့သူတွေအတွက် အရေးပေါ်ဗီဇာပေးဖို့ ကြံ့ကြာနေတာကို ရပ်တန့်ပေးဖို့လည်း အစိုးရကို တောင်းဆိုခဲ့ပါတယ်။ “ယူကရိန်းကနေ ထွက်ပြေးလာတဲ့ မိသားစုတွေရဲ့ပုံရိပ်တွေကို မြင်ရတာက ခိုးကိုးရာမဲ့သလို ခံစားရပြီး ကျွန်တော် တစ်ခုခုလုပ်ပေးရမယ်ဆိုတာ သိခဲ့ရတယ်။ ကျွန်တော်တို့ရဲ့မျက်စိရှေ့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာပြဿနာဖြစ်ပျက်နေတာကို ကြည့်နေရတာက စိတ်ထိခိုက်ရပါတယ်။

ဒီဒုက္ခကို ကျွန်တော်တို့ရပ်တန့်ရပါမယ်။ ဘောရစ် ဂျွန်ဆင် (Boris Johnson) နဲ့ ပရီတီ ပါတယ် (Priti Patel) တို့လည်း နှောင့်နှေးကြံ့ကြာနေတာကို ရပ်တန့်ရပါမယ်။ Steve Morgan ဖောင်ဒေးရှင်းကနေတဆင့် ယူကရိန်းဒုက္ခသည် ၁၀၀၀ ကို UK လာရောက်နိုင်ဖို့ ငွေကြေးထောက်ပံ့ကူညီပေးတာက ကျွန်တော်တို့ ကူညီပေးနိုင်တဲ့နည်းတစ်နည်းပေမဲ့ ကျွန်တော်တို့ ပိုပြီး လုပ်ပေးဖို့ လိုအပ်ပါတယ်” လို့ စတိဗ်က ပြောကြားခဲ့ပါတယ်။

စွန့်ဉီးတီထွင်လုပ်ငန်းရှင် စတိဗ်က Redrow ကုမ္ပဏီကို ၁၉၇၄ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ ဒါပေမဲ့ Steve Morgan ဖောင်ဒေးရှင်းကတဆင့် ပရဟိတလုပ်ငန်းတွေအပေါ်မှာ အချိန်ပိုပေးဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဖောင်ဒေးရှင်ဟာ ကပ်ရောဂါကာလအတွင်းမှာ ပရဟိတလုပ်ငန်းတွေကို ဩစတြေးလျဒေါ်လာ ၄၆ သန်း လှူဒါန်းခဲ့ပါတယ်။

ဒုက္ခသည် ၁၀၀၀ ကို ကူညီပေးဖို့ ဘယ်လောက်ကုန်ကျမလဲဆိုတာကတော့ တွက်ချက်ဖို့ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။ ဒါပေမဲ့လည်း (၆) လနဲ့ (၆) လအထက်လောက်အထိ သူတို့ရဲ့နေထိုင်ရေးကုန်ကျစရိတ်ကို ပေးသွားမယ်လို့လည်း သူက ကတိပြုခဲ့ပါတယ်။”The Steve Morgan ဖောင်ဒေးရှင်းက ကျွန်တော်တို့ကိုယ်တိုင် ဒါကို လုပ်ဖို့ အရမ်းကြီးမစွမ်းဆောင်နိုင်ပေမဲ့ UK ကို ဒုက္ခသည် ၁၀၀၀ ကို ခေါ်ဆောင်ဖို့ ကုန်ကျစရိတ်တွေ ဖြည့်ဆည်းပေးနိုင်ပါတယ်။ နှောင့်နှေးကြံ့ကြာနေရမယ့်အချိန််မဟုတ်ပါဘူး။ တခြားသူတွေလည်း ဒီလိုပဲ လုပ်မယ်လို့ မျှော်လင့်ပါတယ်” လို့ စတိဗ်က ဆိုခဲ့ပါတယ်။

မကြာသေးခင် ရက်ပိုင်းအတွင်းက ယူကရိန်းဒုက္ခသည်ပြဿနာကို ကိုင်တွယ်ဖြေရှင်းတာနဲ့ပတ်သက်ပြီး UK အစိုးရကို ဝေဖန်ပြောဆိုနေကြပါတယ်။ UK ကို ဝင်ရောက်ဖို့ လျှောက်ထားတဲ့ ယူကရိန်းလူမျိုး ၁၃၅၀၀ ရှိပေမဲ့ UK အစိုးရက အရေးပေါ်ဗီဇာ ၅၀ ကိုသာ ခွင့်ပြုပေးခဲ့တာပါ။ Steve Morgan ဖောင်ဒေးရှင်းက ဝန်ထမ်းက ကူညီထောက်ပံ့ပေးမယ့်လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ရှင်းလင်းတင်ပြဖို့အတွက် လွှတ်တော်အမတ်တော်တော်များများရဲ့ရုံးတွေကို ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်တုံ့ပြန်ပြောဆိုလာဖို့ စောင့်ဆိုင်းနေရတုန်းပါပဲ။

Ref: Ladbible “‘British Millionaire To Pay For 1,000 Ukrainian Refugees To Come To The UK”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top