လန်ဒန်နဲ့ နယူးယော့ခ်ကိုကျော်ပြီး ဘာစီလိုနာမြို့ ဘားက ကမ္ဘာ့နံပါတ်(၁) ချိတ်

5-10-2022-yyl09.jpg

ကမ္ဘာ့အကောင်းဆုံး ဘားစာရင်းမှာ လန်ဒန်နဲ့ နယူးယော့ခ်က ဘားတွေပဲ နံပါတ်(၁) ချိတ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပါပြီ။ ဒါပေမဲ့ ဒီနှစ်မှာတော့ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာရှိတဲ့ Paradiso ဘားက ကမ္ဘာ့အကောင်းဆုံးဘားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။


အမဲသားပြားရောင်းတဲ့ဆိုင်ထဲကနေ ဖြတ်လျှောက်ပြီး ဝင်ရတဲ့ Paradiso ဘားဟာ မြေထဲပင်လယ်စတိုင်ဖြစ်ပြီး စကားပြောလို့ကောင်းအောင် သီချင်းတိုးတိုးလေးပဲ ဖွင့်ထားတတ်တဲ့ဆိုင်ပါ။

ကမ္ဘာ့အကောင်းဆုံး ဘား ၅၀ စာရင်းမှာတော့ ဥရောပနိုင်ငံတွေက ဘားတွေပဲ အများဆုံးနေရာယူထားတာ တွေ့ရပါတယ်။ ဒီစာရင်းကို ဘားဆိုင်အဖျော်ယမကာစပ်သူတွေ၊ ဘားပိုင်ရှင်တွေ၊ ယမကာအကြောင်း ရေးသားသူတွေ၊ ကော့တေးပညာရှင် ၆၅၀ ရဲ့ မဲပေးမှုရလဒ်တွေနဲ့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။

Ref: The world’s best bars for 2022 have been revealed

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top