ငတ်မွတ်ခေါင်းပါးလို့ သေလုမျောပါးဖြစ်နေတဲ့ မျိုးနွယ်စု ၁၆ ယောက်ကို အရေးပေါ်ကုသပေးဖို့ ဘရာဇီးအစိုးရ ရဟတ်ယာဉ်နဲ့ ပို့ဆောင်

23-1-2023-yyl-191.jpg

ဘရာဇီးအစိုးရက ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့ပြီးနောက်မှာ ငတ်မွတ်ခေါင်းပါးမှုကြောင့် သေလုမျောပါးဖြစ်နေတဲ့ ယာနိုမာမီမျိုးနွယ်စုဝင် ၁၆ ယောက်ကို အရေးပေါ်ကုသမှုလုပ်ပေးဖို့ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်နိုင်ခဲ့ပါပြီ။ ဒီမျိုးနွယ်စုဟာ ဘရာဇီးနိုင်ငံမြောက်ပိုင်း ရိုရိုင်မာပြည်နယ်က သစ်တောကြိုးဝိုင်းမှာ နေထိုင်ကြသူတွေပါ။ ယာနိုမာမီသစ်တောကြိုးဝိုင်းမှာ နေထိုင်တဲ့ မျိုးနွယ်စု ၂၈၀၀၀ ဝန်းကျင် ရှိပါတယ်။

သမ္မတ(ဟောင်း) ဘော်ဆိုနာရိုလက်ထက်မှာ သစ်တောကြိုးဝိုင်းအတွင်း ရွှေ၊ သတ္တုတူးဖော်ရေးတွေ လုပ်ခွင့်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ မိုင်းလုပ်သားတွေက မျိုးနွယ်စုတွေကို မောင်းပြန်သေနတ်တွေနဲ့ ပစ်ခတ် သတ်ဖြတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ယာနိုမာမီမျိုးနွယ်စုဝင် ကလေးငယ် ၅၀၀ ကျော်ဟာ မာကျူရီ စိမ့်ဝင်နေတဲ့ရေ ( ရွှေတူးဖော်ရေးနဲ့ သက်ဆိုင်နေ) သောက်မိလို့ သေဆုံးခဲ့တယ်လို့ လက်ရှိဘရာဇီးအစိုးရက ဆိုပါတယ်။

အာဟာရပြတ်လပ်မှုကြောင့် ယာနိုမာမီမျိုးနွယ်စုဝင် ကလေးငယ် ရာချီ သေဆုံးခဲ့ပြီးနောက်မှာတော့ ဘရာဇီးအစိုးရက ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေ ကြေညာခဲ့တာပါ။ ပြီးခဲ့တဲ့စနေနေ့ကရိုရိုင်မာပြည်နယ်ကို သွားရောက်ခဲ့တဲ့ ဘရာဇီးသမ္မတ လူလာဒါဆေးလ်ဗားကတော့ သူ မြင်တွေ့ရတာတွေအတွက် တုန်လှုပ်ခြောက်ခြားမိတယ်လို့ ဆိုပါတယ်။ သမ္မတ ဘော်ဆိုနာရို အစိုးရက မိုးသစ်တောထဲမှာ နေထိုင်တဲ့ မျိုးနွယ်စုတွေကို ဂျီနိုဆိုက် ကျူးလွန်ခဲ့တာလို့ လူလာဒါဆေးလ်ဗားက ပြောပါတယ်။

Ref: Brazil airlifts starving Yanomami tribal people from jungle

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top