ဗြိတိန်နိုင်ငံ ဝစ်ရှိုင်းယားကောင်တီ၊ ဆွင်ဒန်မြို့မှ အသက် ၁၆ နှစ်အရွယ် ကျောင်းသားလေး ဂျို့ရှ်ဒက်ဖ်ဟာ အနိုင်ကျင့်မှုတွေကို နှစ်နဲ့ချီ ရင်ဆိုင်ခဲ့ရသူပါ။ သူ့အဖေက ဒီအကြောင်းတွေကို သိသွားပြီးနောက် သားဖြစ်သူ ပျော်ရွှင်စေဖို့ ရည်ရွယ်ပြီး ဆိုင်ကယ်ချစ်သူအဖွဲ့ဝင်တချို့ကို အကူအညီတောင်းခဲ့ပါတယ်။

ဆိုင်ကယ်ချစ်သူတွေ ဝန်းရံပြီး ဂျို့ရှ်ဒက်ဖ်ကို ကျောင်းလိုက်ပို့ဖို့ စီစဉ်ခဲ့တဲ့ သူ့အဖေရဲ့ အစီအစဉ်က အံ့အားသင့်စရာ ဖြစ်သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီအစီအစဉ်မှာ ဆိုင်ကယ်ချစ်သူ ၁၅၀၀ ကျော် ပါဝင်ခဲ့ကြလို့ပါပဲ။ ဗြိတိန်နိုင်ငံပြင်ပမှ ဆိုင်ကယ်ချစ်သူတွေကပါ ဂျို့ရှ်ဒက်ဖ်ကို ကျောင်းလိုက်ပို့ခဲ့ကြတာ ဖြစ်ပါတယ်။

” လုံးဝထင်မထားမိဘူး။ တုန်လှုပ်စရာကြီးပါ။ အရင်ကတော့ အထီးကျန်သလို ခံစားရတယ်။ အခုတော့ အဲဒီလို မဟုတ်တော့ပါဘူး” လို့ ဂျို့ရှ်ဒက်ဖ်က ဆိုပါတယ်။ ဂျို့ရှ်ဒက်ဖ်ရဲ့ မွေးနေ့မတိုင်ခင် တစ်ရက်မှာ သူ့အဖေက ဒီလို စီစဉ်ပေးခဲ့တာဖြစ်ပြီး ရောက်လာသူတွေက ဓာတ်ပုံတွေ ရိုက်၊ အားပေးစကားပြောပြီး မွေးနေ့ကတ်တွေပါ ပေးခဲ့ကြပါတယ်။

Ref: Bullied Teen Escorted To Prom By 1,500 Bikers In Unforgettable Show Of Support
NZ ( ရိုးရာလေး)

