ဆေးရုံ၊ လမ်းမီးတိုင်၊ မီးပွိုင့်တွေနဲ့ CNG Gas ဆိုင်တွေကို လျှပ်စစ်မီးမဖြတ်တော့ဘူး

ရန်ကုန်မြို့က”ဆေးရုံ၊ လမ်းမီးတိုင်၊ မီးပွိုင့်တွေနဲ့ CNG Gas ဆိုင်တွေကို လျှပ်စစ်မီးမဖြတ်တော့ဘူး” လို့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဒေါ်နီလာကျော်က ပြောပါတယ်။

လမ်းမီးတိုင်တွေမလင်းပါက တရားဥပဒေစိုးမိုးရေး နဲ့ လုံခြုံရေး အားနည်းနိုင်တဲ့အတွက် လမ်းမီးတိုင်တွေ မီးလင်းရေးကို အဓိကအရေးပေးလုပ်ဆောင်ရတာဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က ပြုလုပ်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက ပြောကြားခဲ့တာပါ။

လမ်းမီးတိုင်မီးလင်းရေးကို ဒဂုံမြို့သစ် (၄) မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တွေမှာ အဓိက ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဒေါ်နီလာကျော်က ပြောပါတယ်။

ဒါ့အပြင် YBS ကားတွေ၊ CNG ဆိုင်တွေမှာ အချိန်ကြာမြှင့်နေပါက ယာဉ်လမ်းကြောင်းတွေပေါ်မှာ ကားအစီးရေနည်းပါးသွားတဲ့အခါ ခရီးသွားပြည်သူတွေသွားရေးလာရေးမခက်ခဲစေရန်အတွက်ရည်ရွယ်ပြီး CNG Gas ဆိုင်တွေ လျှပ်စစ်မီးမဖြတ်ရေးကိစ္စကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

Camera & Edit- Cherry

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top