ပထမဆုံးသောတာဝန်ကိုပြောင်မြောက်စွာထမ်းဆောင်နိုင်ခဲ့တဲ့ သင်တန်းဆင်းစရဲအရာရှိနှစ်ဦး

chicago-police-save-boy-ht-jt-190606_hpMain_16x9_992.jpg

ချီကာဂိုရဲအရာရှိလောင်းနှစ်ဦးကတော့ တာဝန်စစချင်းမှာပဲ သူရဲကောင်းဆန်တဲ့လုပ်ရပ်ကြောင့် လူအများရဲ့ ချီးကျူးခြင်းကိုခံရပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေညနေခင်းမှာ (၈) နှစ်အရွယ် ကောင်လေးတစ်ယောက် ဝိုင်ယာခြံစည်းရိုးကြောင့် လက်မောင်းထိခိုက်သွားတာကို ရဲစခန်းဆီ အကြောင်းကြားလာခဲ့ပါတယ်။

ဒီအချိန်မှာပဲ အရာရှိသင်တန်းဆင်းရဲနှစ်ယောက်ဖြစ်တဲ့ ဘရန်ဒန် လွိုင်းစ် (Brendan Lyons) နဲ့ ရေ့ဗ်မော်ဂန် (Ravyn Morgan)တို့က ကွင်းဆင်းလေ့ကျင့်ရေးအရာရှိ ဆာဂျီယို ကော်ယိုနာ (Sergio Conor) နဲ့အတူ ကောင်လေးရှိရာကိုသွားရောက်ခဲ့ကြပါတယ်။ ထိခိုက်မှုက ထင်တာထက် ပိုပြင်းတယ်ဆိုတာကို ချက်ချင်းသိလိုက်ရပြီး (၄) လက်မအနက်ရှိတဲ့ ဒဏ်ရာကနေ သွေးတတောက်တောက်ကျနေတာကိုပါ တွေ့လိုက်ရပါတယ်။

ရဲအရာရှိ ဘရန်ဒန် လွိုင်းစ်

ကောင်လေးက ဒဏ်ရာကြောင့် အော်ဟစ်ငိုယိုနေပေမဲ့ အရာရှိ လွိုင်းစ်က မြန်မြန်ဆန်ဆန်ပဲ ဒဏ်ရာပေါ်ကို အဝတ်နဲ့ စည်းပြီး သွေးတိတ်အောင် လုပ်ပေးခဲ့ပါတယ်။ အရာရှိ မော်ဂန်ကတော့ ကောင်လေးကို စိတ်ငြိမ်အောင် ချော့မော့ပြီး အဆင်ပြေသွားမယ့်အကြောင်းပြောရင်း အာရုံလွှဲပေးခဲ့ပါတယ်။

ရဲအရာရှိ ရေ့ဗ်မော်ဂန်

ခဏအကြာမှာ အရေးပေါ်ကားရောက်လာပြီး ကောင်လေးကို ဆေးရုံဆီပို့ခဲ့ပါတယ်။ ရဲအရာရှိတွေလည်း အတူတူလိုက်ပါသွားပြီး ဆေးရုံရောက်ချိန်မှာတော့ ဆရာဝန်ကြီးက အရေးပေါ်ရှေးဦးလူနာပြုစုနည်းသုံးခဲ့တဲ့ ရဲအရာရှိသစ် နှစ်ယောက်ကို ချီးကျူးခဲ့ပါတယ်။

လက်မောင်းသွေးကြောကို ထိခိုက်မိသွားတာဖြစ်တဲ့အတွက် သူတို့နှစ်ယောက်သာမကယ်ခဲ့ရင် အသက်အန္တရာယ်ထိခိုက်တဲ့အထိ ဖြစ်သွားနိုင်တယ်လို့ ဆိုပါတယ်။ အရာရှိနှစ်ဦးကတော့ ဒီလိုဆောင်ရွက်နိုင်တယ်ဆိုတာ သင်တန်းကျောင်းကနေ စနစ်တကျသင်ယူခဲ့ရလိုဖြစ်ကြောင်း အသိအမှတ်ပြု ပြောခဲ့ကြပါတယ်။ ဒဏ်ရာရတဲ့ကလေးကတော့ ဆေးရုံတက်ပြီး နောက်တစ်ရက်မှာသက်သာသွားတဲ့အတွက် အိမ်ပြန်လာရပြီလို့ သိရပါတယ်။

Abcnews “Boy saved by Chicago police officers who just graduated from the police academy weeks earlier”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top