ကမ္ဘာကျော်အဆိုတော် ချာလီပုဖ်ဟာ သားဦးလေးဖေဖေဖြစ်သွားပါပြီ။ အသက် ၃၄ နှစ်အရွယ် ချာလီနဲ့ ဇနီးဖြစ်သူ ဘရွတ် ဆန်ဆုန်ဆို့ဟာ မတ်လ ၁၃ ရက်နေ့က သားဦးလေး ဂျိတ်ကို ပိုင်ဆိုင်ခဲ့တာပါ။ ဒီပျော်ရွှင်စရာသတင်းကို မတ်လ ၂၃ ရက်နေ့ကျမှ အင်စတာဂရမ်မှာ ကြေညာပေးခဲ့ပါတယ်။
ချာလီနဲ့ဘရွတ်တို့က ပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့ သူတို့ရဲ့ဓာတ်ပုံတွေကို “Hey Jude 3.13.26” ဆိုတဲ့စာသားနဲ့ တင်ခဲ့တာပါ။ ပရိသတ်တွေကလည်း သူတို့စုံတွဲကို အမျိုးမျိုးဂုဏ်ပြုစကားဆိုခဲ့ကြပါတယ်။
သူတို့က ၂ နှစ်ကျော်ကြာတွဲခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် စက်တင်ဘာလမှာ သူ့တို့ရဲ့မိသားစုအိမ်ရာမှာပဲ လက်ထပ်ခဲ့ကြတာပါ။ ၂၀၂၅ ခုနှစ် အောက်တိုဘာမှာ Changes သီချင်းဗီဒီယိုထွက်ရှိတာကတဆင့် ဘရွတ် ကိုယ်ဝန်လွယ်ထားရပြီဆိုတာကို အသိပေးခဲ့တာဖြစ်ပါတယ်။
Ref: Charlie Puth welcomes his first child
WL (ရိုးရာလေး)

