အခွန်ရှောင်သူစာရင်းများ ထဲမှာ မက်ဆီနဲ့ ဂျက်ကီချန်းလည်းပါ

messi.jpg

CIA ရဲ့ အချက်အလက်များကို စနိုးဒန်းဖောက်ခဲ့တဲ့ အချိန်တုန်းကထက် တန်ဖိုးပိုကြီးမားတဲ့ သတင်းပေါက်ကြားမှုတစ်ခု ယခုရက်ပိုင်းလေးတင် ဖြစ်ခဲ့ပါတယ်။ ယင်းကတော့ ပနားမားနိုင်ငံက Mossack Fonseca အမည်ရ ဥပဒေ အကြံပေး ကုမ္ပဏီရဲ့ သတင်းပေါက်ကြားမှု ဖြစ်ပါတယ်။

ယင်း သတင်းပေါက်ကြားမှုအရ ကမ္ဘာပေါ် ဘောလုံးအားကစားသမား မက်စီနဲ့ ကမ္ဘာကျော် တရုတ်ပြည်မှ သရုပ်ဆောင် ဂျက်ကီချန်း တို့ဟာ အခွန်ရှောင်ဖို့ အတွက် ပနားမားမှာ သွားရောက်လို့ ကုမ္ပဏီဖွင့် ထားကြပါတယ်။ သူတို့ နှစ်ဦးတင် မဟုတ်ပါဘူး။ ဥရောပမှ ကမ္ဘာကျော် ဘောလုံးအားကစားသမား ဦးရေ ၂၀ ကျော်လည်း ကုမ္ပဏီတွေ အရောင်ပြဖွင့်ထားပြီး ရတဲ့ငွေတွေကို ယင်း ကုမ္ပဏီထဲ အထည့်ပြလို့ အခွန်ရှောင်နေပါတယ်။ သူတို့တင်လားဆိုတော့ မဟုတ်ပါဘူး။ ဗြိတိန်မှ ဝန်ကြီးချုပ်ဟောင်းများ၊ လက်ရှိ PM များ၊ ရုရှားမှ နိုင်ငံရေးခေါင်းဆောင်များ၊ သူဌေးများ၊ ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိ ခေါင်းဆောင်များ အပြင် ဘောလိဝုဒ်က အမီနဘဂျမ်းတို့လို နာမည်ကြီး သရုပ်ဆောင်တွေတောင် ပါဝင်လိုက်ပါသေးတယ်။

မက်ဆီကတော့ သူ့ရဲ့ ဓာတ်ပုံရိုက်ကူးမှုမှ ရရှိတဲ့ ဝင်ငွေများ ဖြစ်ပါတယ်။ မက်ဆီဟာ လက်ရှိမှာ စပိန်မှာ အခွန်ရှောင်၊ လိမ်လည်မှုနဲ့ အငြင်းပွား၊ ဖြေရှင်းနေရသူ ဖြစ်ပါတယ်။ Mossack Fonseca အမည်ရ Law Firm ဟာ ကုမ္ပဏီ တစ်သောင်းခွဲဝန်းကျင်ရှိတဲ့ စာရွက်စာတန်းများကို ပေါက်ကြားသွားခဲ့ခြင်း ဖြစ်ပါတယ်။ ကုမ္ပဏီ တစ်ခုချင်းစီမှာလည်း အမေရိက်ဒေါ်လာ သန်းပေါင်း ရာချီကနေ ထောင်ချီအထိ ရှိကြ ပါတယ်။ ပနားမား၊ ဘာမူဒါနဲ့ အခြားနိုင်ငံအချို့တွေဟာ ဆိုရင် နိုင်ငံခြားသား ကုမ္ပဏီများအပေါ် အခွန်ကောက်မှု စည်းကမ်း တင်းကြပ်မှု အင်မတန်နည်းပြီး သူတို့နိုင်ငံမှ ဘယ်က ကုမ္ပဏီတွေကိုပဲ ဖြစ်ဖြစ် လာဖွင့်ခွင့်ပေးပါတယ်။ မက်ဆီဆိုရင် သူ့အမည်နဲ့ သူ့ရဲ့ ဖခင်အမည်ပါဝင်တဲ့ ကုမ္ပဏီကို ဖွ့င်ထားခြင်း ဖြစ်ပါတယ်။ ဂျက်ကီချန်းဆိုရင် ကုမ္ပဏီ ၆ ခုတောင် ပိုင်ပါတယ်။

ပနားမားတို့လို နိုင်ငံမှာ Offshore account သို့မဟုတ် Shell account လို့ ခေါ်တဲ့ ကုမ္ပဏီပုံစံတွေဖွင့်ပြီးဆိုရင် စီးပွားရေး ဘာမှမလုပ်ပဲ အရောင်ပြ ထားလို့ရပါတယ်။ နိုင်ငံတကာမှ ဝင်တဲ့ငွေတွေကို သွားထည့်ထားခြင်းဖြင့် အခွန်ရှောင်လို့ရပါတယ်။ ဒါကြောင့်မို့ မက်ဆီ၊ ဂျက်ကီချန်းတို့လို နာမည်ကြီးများဟာ ငွေသိပ်မရှိချင် ယောင်ဆောင်ပြီး ချေးငွေများတောင် ဘဏ်တွေကတောင် ပြန်ယူသုံးတာကြောင့် အခွန်နဲ့ ပက်သက်ပြီး လျော့ပေါ့း ပေးခံရမှုများ ရှိပါတယ်။

ယခု စာရွက်စာတန်း ပေါက်ကြားမှုဟာ ဆိုရင် သူတောင်းကောင်းယောင်ဆောင်ထားတဲ့ ကမ္ဘာတစ်လွှားက သူဌေးများ၊ နိုင်ငံရေးခေါင်းဆောင်များ၊ အနုပညာရှင်များ စာရင်း အားလုံးပါသွားပြီး ယနေ့ အင်တာနက်မှာ အင်မတန် ရေပန်းစားနေတဲ့ သတင်း ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top