တရုတ်နိုင်ငံမှာ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်လို့ လူ ၅ ဦး သေဆုံး

12-1-2023-yyl-104.jpg

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ လူအုပ်ထဲကို ကားနဲ့ဝင်တိုက်မိခဲ့လို့ လူ ၅ ယောက် သေဆုံးခဲ့ပြီး လူ ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ဒီဖြစ်ရပ်ဟာ တရုတ်ပြည်သူတွေကြား ဒေါသထွက်စရာ ဖြစ်ခဲ့ပြီး ယာဉ်မောင်းအမျိုးသားက လူအုပ်ထဲကို တမင်တကာ တိုက်ခဲ့တာလို့ လူအများက စွပ်စွဲကြပါတယ်။

အွန်လိုင်းပေါ်က ဗီဒီယိုတွေအရ အသက် ၂၂ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားဟာ လူအုပ်ထဲကို ဝင်တိုက်ခဲ့ပြီးနောက် ကားထဲက ထွက်လာပြီး လေပေါ်ကို ပိုက်ဆံတွေ ဖြန့်ကြဲခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ညနေပိုင်း လူသွားလူလာ စည်ကားချိန်မှာ အခုလို ဖြစ်ပွားခဲ့တာပါ။

ယာဉ်မောင်းအမျိုးသားက ယာဉ်ထိန်းရဲဆိုင်ကယ်ကိုပါ ဝင်တိုက်ခဲ့သေးပေမဲ့ ယာဉ်ထိန်းရဲအရာရှိက ရှောင်တိမ်းနိုင်ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။ ယာဉ်မောင်းအမျိုးသားကို ရဲအရာရှိတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေပါတယ်။

Ref: China: Five dead after man drives into crowd in Guangzhou

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply