လမ်းပြောင်းပြန်မောင်းလာတဲ့ကားကို သူ့ကားနဲ့ပိတ်တားပြီး တခြားသူတွေ အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးခဲ့သူ

20-4-2022-yyl-16.jpg

လမ်းပြောင်းပြန် မောင်းလာတဲ့ ကားတစ်စီးကြောင့် တခြားသူတွေ အန ္တရာယ်မဖြစ်စေဖို့ အမေရိကန်နိုင်ငံ တရားဥပဒေစိုးမိုးရေးအရာရှိတစ်ယောက်က သူ့ကားကို အတိုက်ခံပြီး တားဆီးခဲ့ပါတယ်။ ပြည်နယ်ချင်းဆက် လမ်းမကြီးပေါ်မှာ လမ်းပြောင်းပြန် မောင်းလာတဲ့ကားကို တားဆီးရင်း ဥပဒေစိုးမိုးရေးအရာရှိရဲ့ကား ပျက်စီးသွားတာကို ကော်လိုရာဒိုပြည်နယ် အဒမ်ကောင်တီ တရားဥပဒေစိုးမိုးရေးရုံးက ဖေ့ဘွတ်ခ်ပေါ် တင်ထားပါတယ်။

” မနေ့ည ၁၁ နာရီလောက်က I-70 လမ်း၊ မိုင်တိုင်အမှတ် ၃၂၈ မှာ ကားတစ်စီး လမ်းပြောင်းပြန် မောင်းနှင်လာလို့ အရေးပေါ်ကူညီပေးဖို့ ကော်လိုရာဒိုပြည်နယ် ကင်းလှည့်အဖွဲ့က အကြောင်းကြားခဲ့တာပါ။ အရှေ့ဘက်ဦးတည်မောင်းရမယ့်လမ်းပေါ်မှာ ကားသမားက အနောက်ဘက်ကို ဦးတည်ပြီး အမြန်လမ်း မိုင်နှုန်းအတိုင်း မောင်းနှင်လာခဲ့တာပါ။ ဒါက ယာဉ်မတော်တဆမှု ဖြစ်နိုင်လောက်တယ်။ ရဲရင့်တဲ့အရာရှိတစ်ယောက်က လမ်းပြောင်းပြန် မောင်းလာတဲ့ကားရှေ့မှာ သူ့ကားကို ပိတ်တားပြီး ရပ်ထားတဲ့ကားတွေ မထိခိုက်အောင် ကာကွယ်ပေးခဲ့တာပါ” လို့ အာဏာပိုင်တွေက ပြောပါတယ်။

လမ်းပြောင်းပြန် မောင်းလာတဲ့ကားက အရာရှိရဲ့ကားကို ဝင်တိုက်ချိန်မှာ ကားနှစ်စီးလုံး ပေ ၁၄၀ အကွာအထိ လွင့်စင်သွားခဲ့ကြပေမဲ့ ဒီဖြစ်ရပ်မှာ ဘယ်သူ တစ်ဦးတစ်ယောက်မျှ ဒဏ်ရာပြင်းပြင်းထန်ထန် မရခဲ့ပါဘူး။ ” အရာရှိကသာ ရဲရဲရင့်ရင့်၊ မြန်မြန်ဆန်ဆန် မလှုပ်ရှားခဲ့ဘူးဆိုရင် ကားတော်တော်များများ အတိုက်ခံရပြီး လူ့အသက်ဆုံးရှုံးမှုတွေ ဖြစ်နိုင်ပါတယ်” လို့ အဒမ်ကောင်တီ တရားဥပဒေစိုးမိုးရေးရုံးက ဆိုပါတယ်။

Ref: Sunnyskyz “An Amazing Act Of Bravery!’ Deputy Uses Own Vehicle To Stop Wrong-Way Driver, Saving Lives”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top