၂၀၂၃ ခုနှစ် ပထမသုံးလပတ်မှာ တရုတ်နိုင်ငံက ကမ္ဘာ့ကားတင်ပို့ရောင်းချမှု အများဆုံးနိုင်ငံဖြစ်လာ

19.5.2023-yyl-10.jpg

၂၀၂၃ ခုနှစ် ပထမသုံးလပတ်မှာတော့ တရုတ်နိုင်ငံက ဂျပန်ကို ကျော်ဖြတ်ပြီး ကမ္ဘာပေါ်မှာ ကားတင်ပို့ရောင်းချမှု အများဆုံးနိုင်ငံ ဖြစ်လာပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က တရားဝင် ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေအရ ဒီနှစ် ပထမသုံးလပတ်မှာ တရုတ်နိုင်ငံက ကားအစီးရေ ၁.၀၇ သန်းအထိ တင်ပို့ခဲ့ပြီး ပြီးခဲ့တဲ့နှစ် အလားတူကာလထက် ၅၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့တာ တွေ့ရပါတယ်။

ဒီနှစ် ပထမသုံးလပတ်မှာ ဂျပန်နိုင်ငံက ကားအစီးရေ ၉၅၄၁၈၅ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ် အလားတူကာလထက် ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။ လျှပ်စစ်ကား ဝယ်ယူမှု မြင့်တက်လာတာ၊ (အနောက်အုပ်စုရဲ့ ပိတ်ဆို့မှု ကြုံတွေ့နေတဲ့ )ရုရှားနိုင်ငံကို ကားတင်ပို့ရောင်းချမှုတွေကြောင့် တရုတ်နိုင်ငံရဲ့ ကားတင်ပို့ ရောင်းချမှု မြင့်တက်ခဲ့တာပါ။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က ဂျာမနီကို ကျော်ဖြတ်ပြီး ကမ္ဘာပေါ်မှာ ကားတင်ပို့ရောင်းချမှု ဒုတိယအများဆုံး နိုင်ငံ ဖြစ်လာခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ တရုတ်နိုင်ငံက ကားအစီးရေ ၃.၂ သန်း တင်ပို့ရောင်းချခဲ့ရပြီး ဂျာမနီက ကားအစီးရေ ၂.၆ သန်း တင်ပို့ရောင်းချခဲ့ရပါတယ်။ တွင်းထွက်လောင်စာ အစားထိုးပြောင်းလဲမှုဟာ တရုတ်နိုင်ငံရဲ့ ကားထုတ်လုပ်မှုလုပ်ငန်းကို အားကောင်းစေခဲ့တာပါ။ လျှပ်စစ်ကားတွေ ပါဝင်တဲ့ စွမ်းအင်သစ်ကား(new energy vehicles (NEVs) တင်ပို့မှုဟာ (ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင်) အခုနှစ် ပထမ ၃လပတ်မှာ ၉၀ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာပါ။

Ref: China overtakes Japan as world’s top car exporter

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top