Emei တောင်ပေါ်မှာ လေ့ကျင့်ပေးထားတဲ့ ကိုယ်ခံပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ တရုတ်မိန်းကလေးအဖွဲ့

21.10.2024-yyl-2.jpg

Wuxia ဝတ္ထု The Heaven Sword and Dragon Saber ရဲ့စာဖတ်ပရိသတ်တွေကတော့ Emei ကိုယ်ခံပညာကျောင်းနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။

Emei ကိုယ်ခံပညာကျောင်းမှာ လေ့ကျင့်ပေးထားတဲ့ မိန်းကလေးတွေက အခုနှစ် ဧပြီလမှာ Emei Kung Fu Girls အဖွဲ့အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။

အဖွဲ့ဝင် ၉ ဦးပါဝင်တဲ့ အဲ့ဒီအဖွဲ့က Emei ကိုယ်ခံပညာကို ခေတ်ပေါ်အကတွေနဲ့ ရောနှောထားပါတယ်။ သူတို့က အထင်ကြီးလောက်စရာစွမ်းရည်တွေနဲ့ တရုတ်နိုင်ငံရှိ Emei တောင်တစ်ဝိုက်က နေရာအမျိုးမျိုးကို နောက်ခံထားပြီး ကိုယ်ခံပညာကကွက်တွေဖျော်ဖြေတဲ့ ဗီဒီယိုအများအပြားကို တင်ခဲ့ပါတယ်။ သူတို့ရဲ့ဗီဒီယိုတွေထဲက တစ်ခုဆို ကြည့်ရှုသူ ၁ ဘီလျံထိရှိခဲ့ပါတယ်။

Emei Kung Fu Girls အဖွဲ့က ပါရီအိုလံပစ်ပွဲတော်မှာ ဗီဒီယိုတစ်ပုဒ်ကို ရိုက်ကူးခဲ့တဲ့အချိန်ကလည်း နိုင်ငံတကာက အသိအမှတ်ပြုမှုကိုရရှိခဲ့ပါတယ်။

Emei ကိုယ်ခံပညာပုံစံကို တရုတ်အစိုးရက ၂၀၀၈ ခုနှစ်ကစတင်ပြီး ယဉ်ကျေးမှုအမွေအနှစ်အဖြစ် စာရင်းသွင်းခဲ့တာပါ။

Ref: China’s Coolest Girl Group Is Made Up Of Martial Artists Who Train On Mount Emei

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top