အင်ဒိုနီးရှား လုံခြုံရေး ဝန်ကြီးကို အစွန်းရောက်ဝါဒ ရှိသူတစ်ဦးက ဓားဖြင့်ထိုး

intl04.jpg

IS အဖွဲ့ကို အားကျ အတုယူတဲ့ အမျိုးသား တစ်ယောက်က အင်ဒိုနီးရှားနိုင်ငံ လုံခြုံရေးဝန်ကြီးကို ဓားနဲ့ထိုး ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါ တယ်။ အင်ဒိုနီးရှား လုံခြုံရေးဝန်ကြီး ဝီရန်တိုက ဘန်တန်းပြည်နယ် ပန်ဒီဂလန်မြို့ ရင်ပြင်မှာ ကားထဲက ထွက်လာတုန်း ဓားနဲ့ထိုး ခံခဲ့ရပါ တယ်။ စစ်တပ် အကြီးအကဲဟောင်း တစ်ဦးဖြစ်ပြီး သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးဖြစ်တဲ့ ဝီရန်တိုဟာ ဗိုက်မှာ တော်တော် နက်တဲ့ ဓားဒဏ်ရာ ၂ ချက်ရခဲ့ပေမဲ့ စိတ်ချရတဲ့ အနေအထားရှိတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်ရပ်မှာ ရဲအရာရှိတစ်ဦးနဲ့ အခြားသူနှစ်ဦး ဒဏ်ရာရခဲ့ပြီး သံသယရှိရတဲ့ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်း သိမ်း ခဲ့ပါတယ်။ အသက် ၇၂ နှစ်ရှိတဲ့ ဝီရန်တိုကို ရဟတ်ယာဉ်နဲ့ တင်ဆောင်ပြီး ဂျာကာတာမြို့ ဆေးရုံထံ တင်ပို့ခဲ့ပါတယ်။ တိုက်ခိုက်ရေး သမား က IS အဖွဲ့ရဲ့  အစွန်းရောက်ဝါဒ ရှိသူဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ ဒီဖြစ်ရပ်မှာ တိုက်ခိုက်ရေးသမားက IS အဖွဲ့ရဲ့ ထောက်ခံ အား ပေးမှု ရရှိခဲ့တယ်ဆိုတာ အတည်ပြုနိုင်ခဲ့ရင် အင်ဒိုနီးရှားနိုင်ငံ ရဲ့ နိုင်ငံရေးသမား တစ်ယောက်ကို IS အဖွဲ့ဝင်တွေရဲ့ ပထမ ဆုံးတိုက်ခိုက်မှု ဖြစ်မှာပါ။

ပြီးခဲ့တဲ့မေလ တုန်းကလည်း ဝီရန်တိုနဲ့ တခြားအရာရှိ(၃)ဦးကို လုပ်ကြံဖို့ အကွက်ချ စီစဉ်ခဲ့ပေမဲ့ အဲဒီ အစီအစဉ်ကို တားဆီးဟန့်တား နိုင်ခဲ့ တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဝီရန်တိုဟာ ၁၉၉၉ ခုနှစ်က အရှေ့တီ မောပြည်နယ်(ထိုစဉ်က အင်ဒိုနီးရှားပြည်နယ်ဖြစ်ခဲ့) မှာ ကိုယ်ပိုင် လွတ်လပ်ရေး ဆန္ဒခံယူပွဲအတွက် မဲပေးခဲ့ချိန် ကာလအတွင်း လူ ၁၀၀၀ ကျော် သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် အကြွင်းမဲ့အပြစ်ရှိသူလို့ စွပ်စွဲခံ ခဲ့ရသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top