ဝက်ဝံရုပ်တွေနဲ့ ပြုလုပ်ထားပြီး ၁၀၀ ကီလိုဂရမ်လေးတဲ့ ပွဲတတ်ဝတ်စုံ

14.12.23-yyl-2.jpg

ဆုပေးပွဲအခမ်းအနားတော်တော်များများရဲ့အနီရောင်ကော်ဇောထက်မှာဆိုရင် အလန်းစားဖက်ရှင်တွေ မြင်ဖူးတွေ့ဖူးကြပေမဲ့ အခုဖက်ရှင်ကတော့ တမူထူးခြားပါတယ်။ လူအများရဲ့အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။ အဲဒီဝတ်စုံကတော့ ဝက်ဝံရုပ်တွေနဲ့ ပြုလုပ်ထားတဲ့ ၁၀၀ ကီလိုဂရမ်လေးတဲ့ ပွဲတတ်ဝတ်စုံပါပဲ။

တရုတ်သဘင်နဲ့အနုပညာအေဂျင်စီမန်နေဂျာနဲ့စီးပွားရေးလုပ်ငန်းရှင် ယန်ထရန်ကျန့်က ဒီဝတ်စုံကို ဝတ်ဆင်ပြီး GQ’s Men of The Year ဆုပေးပွဲအခမ်းအနားကို တက်ရောက်ခဲ့တာပါ။ ဒီဝတ်စုံက လည်ပင်းကနေ ခြေဖျားအထိ ဝက်ဝံရုပ်တွေနဲ့ လွှမ်းခြုံထားပြီး အလေးချိန် ၁၀၀ ကီလိုဂရမ်လောက်ရှိပါတယ်။ ဒီဝတ်စုံက ရေ ၁ လီတာ ဘူး ၁၀၀ နဲ့ညီမျှတဲ့ အလေးချိန်ရှိတဲ့အတွက် လေးလံမယ်ထင်ပါတယ်။

ယန်ထရန်ကျန့်ကတော့ ဒီဝတ်စုံက သက်တောင့်သက်သာရှိတယ်လို့တော့ သူ့ရဲ့အင်စတာဂရမ်ပို့စ်မှာ ဖြေကြားထားပါတယ်။ ဒါပေမဲ့ အဲဒီနေ့က တစ်ညလုံးအလွယ်တကူသွားလာရအဆင်ပြေဖို့အတွက် အခြားဝတ်စုံ ၂ စုံကို လဲလှယ်ဝတ်ဆင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံမှာလည်း ဝက်ဝံရုပ်တွေနဲ့ ဖန်တီးထားတဲ့ဝတ်စုံကို သရုပ်ဆောင်မင်းသမီးဖွေးဖွေးဝတ်ဆင်ခဲ့ပါသေးတယ်။

Ref: China’s Famed Artiste Manager Yang Tian Zhen Wears “100kg” Dress Made Of Teddy Bears To Awards Ceremony

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top