လကမ္ဘာရဲ့ အဝေးဘက်ခြမ်းကနေ နမူနာတွေယူပြီး ပြန်လာခဲ့တဲ့ Chang’e-6 လွန်းပျံယာဉ် ကမ္ဘာမြေပေါ် ပြန်လည်ဆင်းသက်

27.6.2024-yyl-1.jpg

လကမ္ဘာရဲ့ အဝေးဘက်ခြမ်းကနေ ဓာတ်ခွဲစမ်းသပ်စရာ နမူနာတွေယူပြီး ပြန်လာခဲ့တဲ့ တရုတ်နိုင်ငံဟာ Chang’e-6 လွန်းပျံယာဉ်ဟာ ဇွန်လ ၂၅ ရက်က မွန်ဂိုးလီးယားအတွင်းပိုင်းဒေသကို ဆင်းသက်နိုင်ခဲ့ပါပြီ။ ဒါကြောင့် တရုတ်နိုင်ငံဟာ လကမ္ဘာရဲ့ အဝေးဘက်ခြမ်းကနေ နမူနာတွေ သယ်ယူလာနိုင်တဲ့ ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့ပါပြီ။

Chang’e-6 လွန်းပျံယာဉ်ဟာ လကမ္ဘာရဲ့ အပေါ်ယံမြေလွှာလို့ ခေါ်ဆိုရမယ့် သဲ၊ ဖုန်မှုန့် ၄.၄ ပေါင်ကို သယ်ယူလာခဲ့တာပါ။ ဇွန်လ ၁ ရက်နေ့က လကမ္ဘာရဲ့ တောင်ဝင်ရိုးစွန်းကို ဆင်းသက်နိုင်ခဲ့တဲ့ Chang’e-6 လွန်းပျံယာဉ်ဟာ စက်ရုပ်လက်တံကို အသုံးပြုပြီး အပေါ်ယံမြေလွှာကို တူးယူခဲ့တာပါ။

တရုတ်နိုင်ငံဟာ Chang’e-1 ကနေ Chang’e-5 အထိ လကမ္ဘာထံ ခရီးစဉ် ၅ ကြိမ်သွားရောက်ခဲ့ပြီး လကမ္ဘာရဲ့ အဝေးဘက်ခြမ်းမှာလည်း မိုးလေဝသစခန်း တည်ဆောက်နိုင်ခဲ့ပါတယ်။ ” ဒါက ရွှေတွင်းကြီးပါပဲ။ ရတနာသိုက်ပေါ့ဗျာ။ နိုင်ငံတကာက သိပ္ပံပညာရှင်တွေလည်း ဒီစီမံကိန်းအပေါ် အလွန်စိတ်လှုပ်ရှားနေကြပါတယ်” လို့ ဘရောင်းတက္ကသိုလ်ရဲ့ ဂြိုဟ်ဆိုင်ရာ ဘူမိသိပ္ပံပါမောက္ခ ဂျိမ်းစ်ဟတ်က ပြောပါတယ်။

လူသားတွေဟာ လကမ္ဘာရဲ့ အဝေးဘက်ခြမ်းကို မြင်ဖူးခဲ့ခြင်းမရှိပါဘူး။ လကမ္ဘာရဲ့ အဝေးဘက်ခြမ်းမှာ စတည်ဖြစ်တည်စဉ် အစောပိုင်းကာလရဲ့ သဘောသဘာဝနဲ့ ဗီဇအခြေအနေတွေကို ပကတိအတိုင်း တွေ့ရနိုင်သေးတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။ ကမ္ဘာပေါ်မှ ပြတ်ရွေ့ကြောတွေကြောင့် ကမ္ဘာဂြိုဟ်ရဲ့ အစောပိုင်းကာလ သွင်ပြင်လက္ခဏာ၊ အခြေအနေတွေ ပျက်စီးခဲ့ပေမဲ့ လကမ္ဘာပေါ်မှာ ပြတ်ရွေ့ကြောမရှိလို့ မူလဘူတ သွင်ပြင်လက္ခဏာတွေ မြင်ရဖွယ် ရှိနေပါတယ်။

Ref: China’s Lunar Probe Returns World’s First Samples from Far Side of the Moon
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top