မျက်စိညောင်းညာကိုက်ခဲခြင်းနဲ့ သက်သာစေနိုင်မယ့်နည်းလမ်းများ

20-9-2021-yyl5.jpg

အခုလိုကာလမှာ ကျွန်တော်တို့ရဲ့မျက်လုံးတွေက ဖန်သားပြင်နဲ့ ထိတွေ့တဲ့အချိန််များနေပါတယ်။ အလုပ်လုပ်နေတဲ့သူတွေအတွက်သာမက ကလေးတွေအတွက်ပါ ဖုန်းသုံးနေတဲ့အချိန်၊ ဖန်သားပြင်နဲ့ ထိတွေ့တဲ့အချိန်တွေတိုးလာနေတာပါ။ ဖုန်းကထွက်တဲ့ အပြာရောင်အလင်းက မျက်စိကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ မျက်စီညောင်းညာကိုက်ခဲတာကို အဖြစ်များကြပါတယ်။

မျက်စိညောင်းညာကိုက်ခဲခြင်းဆိုတာ ဘာလဲ

မျက်စိညောင်းညာကိုက်ခဲတာက ဖုန်းရဲ့ဖန်သားပြင်နဲ့ ကွန်ပျူတာရဲ့ဖန်သားပြင် ကို အချိန်အကြာကြီး အကြည့်များတာကနေ ဖြစ်လာနိုင်ပါတယ်။ မျက်စိအနားမပေးဘဲ၊ မကြာခဏမျက်တောင်မခတ်ဘဲ ဖုန်းသုံးရင် ဖြစ်တတ်ပါတယ်။ ဒီဂျစ်တယ်ဖန်သားပြင်က သင့်ရဲ့မျက်တောင်ခတ်တဲ့အကြိမ်ရေကို လျော့ချပစ်ပြီး မျက်စိခြောက်တာ၊ ယားယံတာတွေဖြစ်စေပါတယ်။ ဒါက သင့်မျက်လုံးက တစ်ခုခုကို အချိန်ကြာကြီး အာရုံစိုက်နေတာကနေ ခဏအနားယူဖို့ လိုလာပြီးဆိုတာကို ညွှန်ပြနေပါတယ်။

မျက်စိညောင်းညာကိုက်ခဲခြင်းရဲ့လက္ခဏာရပ်များ

တချို့အခြေအနေတွေမှာ မျက်စိညောင်းညာကိုက်ခဲခြင်းရဲ့လက္ခဏာရပ်တွေက အခြားအရာတွေလို ဟန်ဆောင်ဖုံးကွယ်နိုင်တဲ့အတွက် သင့်ရဲ့မျက်စိညောင်းညာကိုက်ခဲနေတယ်ဆိုတာကို သတိပြုမိဖို့ မလွယ်ကူပါဘူး။ တချို့လူတွေက ခေါင်းကိုက်ခြင်း၊ လည်ပင်းတောင့်တင်းနာကျင်ခြင်း၊ တစ်ခုခုကို အာရုံစူးစိုက်လို့မရတာတွေ ကြုံတွေ့ရနိုင်ပါတယ်။ သင့်မျက်စိမှာ မျက်ရည်ပြည့်လျှမ်းတာ၊မျက်ရည်ပူကျတာ၊ အမြင်ဝေဝါးတာ၊ မျက်စိပူစပ်ပူစပ်ဖြစ်တာ၊ ယားယံတာ၊ အလင်းရောင်မခံနိုင်တာတွေ ခံစားရနိုင်ပါတယ်။ ဒီလက္ခဏာရပ်တွေက မျက်စိညောင်းညာကိုက်ခဲခြင်းရဲ့လက္ခဏာရပ်တွေဖြစ်ပြီး မျက်စိခဏအနားပေးဖို့ လိုလာပါပြီ။ အာရုံစူးစိုက်ရန်ခက်ခဲခြင်းတို့ခံစားရနိုင်သည်။ သင်၏မျက်လုံးများသည်ရေဓာတ်ခမ်းခြောက်ခြင်း၊ အမြင်အာရုံမှုန်ဝါးခြင်း၊ မျက်လုံးများပူလောင်ခြင်း (သို့) ယားယံခြင်း (သို့) အလင်းကိုပိုအာရုံခံစားမိခြင်းတို့ဖြစ်နိုင်သည်။

မျက်စိညောင်းညာကိုက်ခဲခြင်းကို ဘယ်လိုကာကွယ်မလဲ

  • သင့်ရဲ့ လက်ပ်တော့နဲ့ ဖုန်းရဲ့ စာလုံးအရွယ်အစားကို ကြီးထားပါ။ ဖန်သားပြင်က အလင်းနှင့်ရောင်ပြန်ဟပ်မှုတွေက မျက်စိကို ပိုပြီး ညောင်းညာစေနိုင်ပါတယ်။ စာလုံးအရွယ်အစားကြီးထားတာက အကူအညီဖြစ်စေနိုင်ပါတယ်။
  • သင့်မျက်စိနဲ့ ဖန်သားပြင်ကို နှစ်ပေကွာပါစေ။ နှစ်ပေကွာထားမှ မျက်စိနဲ့ ဖန်သားပြင်တို့ တိုက်ရိုက်ထိတွေ့မိမှာမဟုတ်ပါဘူး။
  • ဖန်သားပြင်ရဲ့ Brightness ကို လျှော့ထားပြီး မကြာခဏ မျက်တောင့်ခတ်ပေးဖို့လည်း မမေ့ပါနဲ့။ မျက်တောင့် မကြာခဏခတ်ပေးဖို့ ဖုန်းမှာ alarm ပေးထားနိုင်ပါတယ်။

-၂၀-၂၀-၂၀ စည်းမျဉ်းကိုလိုက်နာပါ။ မိနစ် ၂၀ တိုင်း၊ ပေ ၂၀ အဝေးမှာ ရှိတဲ့ အရာဝတ္ထုကို အနည်းဆုံး စက္ကန့် ၂၀ လောက် ကြည့်ပေးပါ။ ဒီနည်းလမ်းက သင့်မျက်လုံးတွေကို လိုအပ်တဲ့အနားယူချိန် ပေးပါလိမ့်မယ်။

မျက်စိညောင်းညာကိုက်ခဲခြင်းကို သက်သာစေမယ့် နည်းလမ်းများ

  • မျက်စိ ညောင်းညာကိုက်ခဲတာသက်သာသွားတဲ့အထိ ဖုန်းနဲ့ ကွန်ပျူတာဖန်သားပြင်တို့ကို မကြည့်ဘဲနေပါ။
  • တစ်နှစ်တစ်ကြိမ် မျက်စိစမ်းသပ်စစ်ဆေးမှုပြုလုပ်ပါ။

အဝေးမှုန်တာလို မျက်စိပြဿနာရှိတဲ့သူတွေအတွက် မျက်စိညောင်းညာကိုက်ခဲခြင်းက ပိုပြီဆိုးရွားနိုင်ပါတယ်။

Ref: What is eye fatigue and easy ways to relieve it

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top