The Beijing International Film Festival ရဲ့ အနီရောင်ကော်ဇောထက်က တရုတ်မင်းသမီးချောလေးကျောင်ကျင်ယီရဲ့ဓာတ်ပုံတွေဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာခဲ့ပြီးတဲ့နောက်မှာ လူအများရဲ့အာရုံစိုက်မှုခံနေရပါတယ်။ ကျင်ယီရဲ့ပွဲတက်ဝတ်စုံကြောင့်မဟုတ်ဘဲ ပွဲတက်အိတ်အဖြစ် သူ ကိုင်လာခဲ့တဲ့ အဝါရောင်ပလက်စတစ်အိတ်ကြောင့်ပါ။
ဓာတ်ပုံထဲကို ကြည့်လိုက်ရင် စားသောက်ကုန် (ဒါမှမဟုတ်) အမှိုက်တွေထည့်တဲ့ ပလတ်စတစ်အိတ်ပါပဲ။ ကျောင်ကျင်ယီရဲ့ဓာတ်ပုံတွေ ပျံ့နှံ့သွားပြီးမကြာခင်မှာပဲ လူမှုကွန်ယက်အသုံးပြုသူတွေက ပလတ်စတစ်အိတ်နဲ့ပတ်သက်ပြီး Balenciaga နာမည်ကြီးဖက်ရှင်အမှတ်တံဆိပ်အိတ်ဖြစ်ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၁၇၄၉ ရှိတယ်လို့ ပြောဆိုခန့်မှန်းခဲ့ကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေ ပြောခဲ့ကြသလို တကယ်ပဲ Balenciaga အမှတ်တံဆိပ်အိတ်ပဲလား။

တချို့သတင်းဌာနတွေကတော့ ကျင်ယီ ကိုင်လာခဲ့တဲ့ အိတ်ဟာ ရိုးရိုးပလတ်စတစ်အိတ်ဖြစ်ပြီး The One ဇာတ်ကားထဲက သူ့ရဲ့ဇာတ်ရုပ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ယူဆောင်လာခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဇာတ်ကားထဲမှာ အဝါရောင်ပလတ်စတစ်အိတ်က ကျင်ယီရဲ့ဇာတ်ကောင်နဲ့ သူ့ရဲ့အကြားအာရုံချို့ယွင်းနေတဲ့မိဘတွေအကြား ဆက်သွယ်ရေးကိရိယာတစ်ခုအဖြစ် အသုံးပြုခဲ့တာပါ။
Ref: Chinese Actress Zhang Jingyi Walked Red Carpet With Plastic Bag & Everyone Thought It Was A S$2.4K Bag
WL (ရိုးရာလေး)

