သေချင်ယောင်ဆောင်တဲ့ဗီဒီယိုတွေ ရိုက်လေ့ရှိတဲ့ အမျိုးသား “CSI: Vegas” မှုခင်းစီရီးမှာ လူသေအဖြစ် ပါဝင်

26-10-2022-yyl-20.jpg

အသက် ၄၂ နှစ်အရွယ် ဂျော့ရှ် နယ်လေက စားသောက်ဆိုင်မန်နေဂျာတစ်ယောက်ဖြစ်တဲ့အပြင် တီဗီစီးရီးမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်ချက်နဲ့ TikTok မှာ သေချင်ယောင်ဆောင်တဲ့ ဗီဒီယိုတွေကိုလည်း တစ်နှစ်နီးပါးလောက် ကြိုးစားရိုက်ခဲ့တဲ့သူပါ။ ဇူလိုင်လက သူ့ရဲ့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာခဲ့ပါတယ်။ CBS ရုပ်သံလိုင်းက သူ့ကို “CSI: Las Vegas” မှုခင်းတီဗီစီးရီးမှာ လူသေအဖြစ် သရုပ်ဆောင်ဖို့ ကမ်းလှမ်းခဲ့လို့ပါ။

ဂျော့ရှ်ရဲ့သေချင်ယောင်ဆောင်တဲ့ TikTok ဗီဒီယိုတွေက ကြည့်ရှုသူ ၅.၈ သန်းလောက်ရှိခဲ့တာပါ။ ဗီဒီယိုကို သူ့သူငယ်ချင်းက ရိုက်ပေးပြီး ဂျော့ရှ်က Ripley’s Believe It or Not ဟောလိဝုဒ်ပြတိုက်၊ စွန့်ပစ်ထားတဲ့လမ်းစတဲ့ နေရာတော်တော်များများမှာ သေနေသလို ၁၀ စက္ကန့်လောက် လဲလျောင်းနေတာပါ။ သူ့ရဲ့TikTok အကောင့် living_dead_josh မှာ ဗီဒီယိုတွေစတင်ခဲ့ပြီး ရက်ပေါင်း ၃၀၀ ကျော်အကြာမှာ CBS က သူ့ကို ဆက်သွယ်ပြီး သူ့ရဲ့ ဗီဒီယိုတွေကို For You Page မှာ တွေ့ဖူးတယ်လို့ ပြောကာ ‘CSI: Las Vegas” မှာ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။

CSI: Vegas ရိုက်ကွင်းမှာ ဂျော့ရှ်က လူသေနဲ့ ပိုပြီးတူဖို့အတွက် အချိန်အကြာကြီး မိတ်ကပ်လိမ်းခံခဲ့ရပါတယ်။ အဲဒီစီးရီးမှာ သူဟာ ဆေးရုံသုံးကုတင်တွန်းလှည်းပေါ်မှာ လူသေအဖြစ် လဲလျောင်းနေခဲ့ရပါတယ်။ တစ်နေရာတည်းမှာ (၅) နာရီကြာအောင် လဲလျောင်းနေရတာက အခက်ခဲဆုံးဖြစ်ခဲ့တယ်လို့ ဂျော့ရှ်က ဆိုပါတယ်။ သူက အွန်လိုင်းပေါ်မှာ သေချင်ယောင်ဆောင်တာက အများကြီးအားစိုက်လုပ်စရာမလိုဘဲ ရုပ်ရှင်ကားတစ်ကားမှာ ပါဝင်ဖို့ အလွယ်ကူဆုံးနည်းလမ်းဖြစ်ပုံရတယ်လို့ သူက ပြောပါတယ်။ ဂျော့ရှ် ပါဝင်ထားတဲ့ CSI: Las Vegas တီဗီစီးရီးကို CBS ရုပ်သံလိုင်းကနေ နိုဝင်ဘာလ ၃ ရက်နေ့မှာ ထုတ်လွှင့်ပြသမှာဖြစ်ပါတယ်။

Ref: Insider “A 42-year-old restaurant manager has been ‘playing dead’ on TikTok for the past year in the hopes of landing a Hollywood gig — and it paid off with a role on ‘CSI: Las Vegas'”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top