၃ ထပ် အဆောက်အအုံတွေ ပါဝင်တဲ့ အိမ်ရာ တစ်ခုလုံးကို ဟိုက်ထရောလစ် စက်ခြေထောက်တွေသုံးပြီး ရွှေ့ပြောင်းမှုဟာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး ရွှေ့ပြောင်းမှုတစ်ရပ်လို့ သတ်မှတ်ထားကြပါတယ်။
တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ ကျင်းအန်းခရိုင်မှာ တည်ရှိတဲ့ ဟွာယန်းလီအိမ်ရာဟာ ၁၉၂၀ မှ ၁၉၃၀ ပြည့်နှစ်ကြားကာလတစ်ဝိုက် တည်ဆောက်ထားတာဖြစ်ပြီး အဆောက်အအုံ တစ်ခုနဲ့တစ်ခုကြား နေရာလွတ် ကျဉ်းမြောင်းတာကြောင့် ပုံမှန်အသုံးပြုနေကြ ရွှေ့ပြောင်းကိရိယာတွေကို အသုံးပြုနိုင်ခြင်း မရှိပါဘူး။
အဲဒီအတွက် အဆင့်မြင့်နည်းပညာတွေ အသုံးပြုခဲ့ရပြီး ဟိုက်ထရောလစ် စက်ခြေထောက် ၄၃၂ ချောင်းကို အဆောက်အအုံတွေ အောက်မှာ ထည့်သွင်းပြီး တစ်ရက်ကို ၁၀ မီတာနှုန်းနဲ့ နေရာရွှေ့ပြောင်းမှု လုပ်ခဲ့ရပါတယ်။ အဆောက်အအုံရဲ့မြေအောက်ကို တူးပြီး အိမ်ရာတစ်ခုလုံးကို သံမဏိဖရိန်ပေါ်တင်ကာ ဟိုက်ထရောလစ် စက်ခြေထောက်တွေနဲ့ နေရာရွှေ့ပြောင်းတာပါ။
စတုရန်းပေ ၁၃၂၂၂ ပေ ကျယ်ဝန်းတဲ့ အိမ်ရာ အဆောက်အအုံဟာ ကုဗတန် ၇၅၀၀ အလေးချိန်ရှိပြီး ဒီလို အရွယ်အစားရှိတဲ့ အိမ်ရာတစ်ခုလုံးကို ရွှေ့ပြောင်းနိုင်တာဟာ တရုတ်နိုင်ငံသမိုင်းမှာ အကြီးမားဆုံး ရွှေ့ပြောင်းမှုတစ်ရပ် ဖြစ်ပါတယ်။
Ref: Chinese City Moves Entire Historic Neighborhood Using Hundreds of Hydraulic Legs
NZ ( ရိုးရာလေး)

