Tesla ရဲ့ တစ်နှစ်တာရောင်းအားကို ကျော်ဖြတ်ပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၀၇ ဘီလျံ ရရှိခဲ့တဲ့ တရုတ် လျှပ်စစ်ကားကုမ္ပဏီ BYD

talse.png

တရုတ် လျှပ်စစ်ကားကုမ္ပဏီ BYD ဟာ ၂၀၂၄ ခုနှစ်အတွင်း ဝင်ငွေ ယွမ် ၇၇၇ ဘီလျံ ( အမေရိကန်ဒေါ်လာ ၁၀၇ ဘီလျံ) ရရှိခဲ့ပြီး အီလွန်မက်စ်ပိုင် Tesla ကုမ္ပဏီရဲ့ တစ်နှစ်တာရောင်းအားကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအရ BYD ဟာ လျှပ်စစ်ကားနဲ့ ဟိုက်ဘရစ်ကားတွေအပါအဝင် ၂၀၂၄ ခုနှစ်အတွင်း ကားအစီးရေ ၄.၂၇ သန်း ရောင်းချခဲ့ရပြီး ယခင်နှစ်ကထက် ရောင်းအား ၂၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

Tesla ကုမ္ပဏီကတော့ ကားအစီးရေ ၁.၇၉ သန်း ရောင်းချခဲ့ရပြီး ဝင်ငွေ အမေရိကန်ဒေါ်လာ ၉၇.၇ ဘီလျံ ရရှိခဲ့ပါတယ်။ Tesla ကုမ္ပဏီဟာ ပထမဆုံးအကြိမ် ရောင်းအားကျဆင်းခဲ့ပြီး ယခင်နှစ် ရောင်းအားထက် ၁.၁ ရာခိုင်နှုန်း ကျဆင်းခဲ့တာပါ။

BYD ဟာ ပြီးခဲ့တဲ့သီတင်းပတ်က ၅ မိနစ်အားသွင်းရုံနဲ့ မိုင် ၂၅၀ အကွာအဝေး သွားနိုင်တဲ့ အမြန်အားသွင်းစနစ်ကို မိတ်ဆက်ခဲ့ပြီး Tesla ကုမ္ပဏီရဲ့ အားသွင်းစနစ်ထက် သာလွန်တဲ့ စွမ်းဆောင်မှု ပြသနိုင်ခဲ့ပါတယ်။ Tesla ကုမ္ပဏီရဲ့ အားသွင်းစနစ်ကတော့ မိုင် ၂၀၀ အကွာအဝေး သွားနိုင်ဖို့ ၁၀ မိနစ်အထိ အားသွင်းရပါတယ်။

အခွန်စည်းကြပ်မှုတွေကြောင့် တရုတ်လျှပ်စစ်ကားတွေဟာ အမေရိကန်ဈေးကွက်ကို ထိုးဖောက်ဖို့ အခက်တွေ့နေပေမဲ့ BYD ကုမ္ပဏီကတော့ ကမ္ဘာ့အကြီးဆုံး လျှပ်စစ်ကားဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက်ကို ကြီးစိုးထားနိုင်ပါတယ်။

Ref: Chinese EV titan BYD annual sales hit $100 billion eclipsing rival Tesla

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply