နယူးယောက်မြို့က ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း အထောက်အထားမပြနိုင်တဲ့ အလုပ်သမား ၁၅၀၀ နီးပါး အလုပ်ထုတ်ခံရ

14-2-2022-yyl13.jpg

နယူးယောက်မြို့က ကိုဗစ်ကာကွယ်ဆေးမထိုးနှံထားခဲ့တဲ့ အလုပ်သမား (၁၅၀၀) နီးပါး အလုပ်ထုတ်ခံခဲ့ရပါတယ်။ အဲဒီအရေအတွက်က မြို့ရဲ့လုပ်သားအင်အားရဲ့ ၁ ရာခိုင်နှုန်းထက်မနည်း ကိုယ်စားပြုပေမဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ဆက်စပ်ပြီး နိုင်ငံရဲ့အကြီးမားဆုံးလုပ်သားအင်အားကို လျှော့ချပစ်ပုံရပါတယ်။

မြို့တော်ဝန်ဟောင်း ဘီလ် ဒီ ဘလာဆီအို (Bill de Blasio) ချမှတ်ခဲ့တဲ့ လုပ်ပိုင်ခွင့်အောက်မှာ လစာမဲ့ခွင့်ယူတဲ့ မြို့တော်ဝန်ထမ်းတွေနဲ့ အသစ်ခန့်အပ်ထားတဲ့ဝန်ထမ်းတွေကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မတိုင်ခင် ကာကွယ်ဆေးထိုးနှံထားတဲ့ အထောက်အထားပြဖို့နဲ့ အဲဒီလိုမှမဟုတ်ရင် အလုပ်က ရပ်စဲခံရမယ်လို့ ကြိုတင်သတိပေးအကြောင်းကြားထားခဲ့ပါတယ်။

ခွင့်ယူထားတဲ့ အလုပ်သမားတွေက သူတို့ရဲ့ ပထမအကြိမ်ဆေးထိုးနှံထားတဲ့ အထောက်အထားကို တင်ပြရမှာဖြစ်ပြီး အဲဒီနောက် ဒုတိယအကြိမ် ဆေးထိုးနှံဖို့ ၄၅ ရက် အချိန်ပေးထားမှာဖြစ်ပါတယ်။ အလုပ်သမားအသစ်တွေက သူတို့ကို အလုပ်ခန့်တဲ့အချိန်မှာ ကနဉီးဆေးထိုးနှံခြင်းဆိုင်ရာ အထောက်အထားကို တင်ပြရမှာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံပြီးကြောင်းလည်း ပြဖို့ လိုအပ်ပါတယ်။

သုံးလကျော်ကြာ လစာမဲ့ခွင့်ယူခဲ့တဲ့ အလုပ်သမား ၁၄၂၈ ဉီးက သူတို့ရဲ့အလုပ်ကို ဆုံးရှုံးလိုက်ရပါတယ်။ တနင်္လာနေ့က မြို့တော်ခန်းမမှ ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ပညာရေးဌာနမှာ အလုပ်လုပ်ခဲ့တဲ့ ဝန်ထမ်းအများစု ရပ်စဲခံရပြီး ( ၉၁၄ ဉီး) အလုပ်ထုတ်ခံခဲ့ရတာကို တွေ့ရပါတယ်။ The Housing Authority ကလည်း အလုပ်သမား ၁၀၁ ဦးကို အလုပ်ကရပ်စဲခဲ့ပါတယ်။ နယူးယောက်ရဲဌာနက အလုပ်သမား ၃၆ ဦးနဲ့ FDNY ဝန်ထမ်း ၂၅ ဦးကိုလည်း အလုပ်ထုတ်ခဲ့ပါတယ်။ လစာမဲ့ခွင့်ယူထားတဲ့ ဝန်ထမ်း (၉၃၉) ဉီး (အဖွဲ့ရဲ့ ၄၀ ရာခိုင်နှုန်းခန့်) ကို ကာကွယ်ဆေးထိုးဖို့ရွေးချယ်ခွင့်ပေးခဲ့ပြီး ဆက်လက်အလုပ်လုပ်စေခဲ့ပါတယ်။

ဝန်ထမ်းအသစ်တွေရဲ့ ၉၉.၈ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးထားကြောင်း သက်သေပြခဲ့ပါတယ်။ ဩဂုတ်လ ၂ ရက်နေ့ နောက်ပိုင်း ခန့်အပ်ခဲ့တဲ့ အလုပ်သမား (၂) ဉီးကသာ ကာကွယ်ဆေးထိုးဖို့ ပျက်ကွက်ခဲ့ပြီး သောကြာနေ့မှာ အလုပ်ထုတ်ခံခဲ့ရပါတယ်။ မြို့တော်ခန်းမရဲ့ အချက်အလက်တွေအရ အဲဒီဝန်ထမ်းနှစ်ဦးက သန့်ရှင်းရေးဌာနနဲ့ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲရေးဌာနက ဖြစ်တယ်လို့သိရပါတယ်။ အခြားအဖွဲ့၊ ဌာနက အလုပ်ရပ်စဲခံရတဲ့ အလုပ်သမားတွေလည်း ရှိပါသေးတယ်။

“ကပ်ရောဂါကာလအတွင်း မြို့တော်ဝန်ထမ်းတွေက ရှေ့တန်းကနေ တာဝန်ထမ်းဆောင်ခဲ့ကြပြီး ကာကွယ်ဆေးထိုးခြင်းဖြင့် သူတို့ကိုယ်တိုင်ကိုရော နယူးယောက်မြို့သားအားလုံးကိုပါ ကာကွယ်ဖို့ မှန်ကန်တဲ့အရာကို လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ထပ်မံပြသနေပါတယ်။ ကျွန်တော်တို့ရဲ့ရည်မှန်းချက်က မရပ်စဲဘဲ အမြဲ ကာကွယ်ဆေးထိုးဖို့ဖြစ်ပြီး မြို့တော်အလုပ်သမားတွေက သူတို့ရှေ့မှာ ချမှတ်ထားတဲ့ ပန်းတိုင်ကို အရောက်လှမ်းခဲ့ကြပါတယ်”လို့ မြို့တော်ဝန် အဲရစ်အဒမ် (Eric Adams) က ထုတ်ပြန်ချက်မှာ ပြောကြားခဲ့ပါတယ်။

“လွန်ခဲ့တဲ့ နှစ်ပတ်က အကြောင်းကြားစာ လက်ခံရရှိခဲ့တဲ့ မြို့တော်ဝန်ထမ်းတွေအားလုံးထဲမှာမှ ပြီးခဲ့တဲ့အပတ်က အလုပ်လုပ်ခဲ့တဲ့ (၂) ယောက်ပဲ မြို့တော်ရဲ့ဝန်ထမ်းမဟုတ်တော့ပါဘူး။ နယူးယောက်မြို့သားတွေအတွက် ဆက်လက်တာဝန်ထမ်းဆောင်ပေးတဲ့ မြို့တော်အလုပ်သမားအားလုံးကို ကျွန်တော်ကျေးဇူးတင်ပါတယ်” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

အလုပ်ထုတ်ပစ်လိုက်တာကြောင့် ဒေသခံတွေက အနှောင့်အယှက်တစ်စုံတစ်ရာမဖြစ်သင့်ကြောင်း မြို့တော်အာဏာပိုင်တွေက သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Ref: ABCNews “Nearly 1,500 NYC municipal workers fired for not being vaccinated against COVID”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top