ထိုင်းနိုင်ငံမှာ အလုပ်လိမ်ညာကမ်းလှမ်းခံရပြီး လူကုန်ကူးခံလိုက်ရတဲ့ တရုတ်မော်ဒယ်

model.jpg

အသက် ၂၅ နှစ်အရွယ် တရုတ်မော်ဒယ်တစ်ဦးဖြစ်တဲ့ ကျုန်ဟောင်ဘင်းဟာ ထိုင်းနိုင်ငံမှာ အလုပ်တစ်ခုကမ်းလှမ်းခံရပြီးနောက် မြန်မာနိုင်ငံကို သွားဖို့ လိမ်ညာခံခဲ့ရပြီး လူကုန်ကူးခံရမှုကနေ ကယ်တင်ခံလိုက်ရတယ်လို့ VN Express သတင်းဌာနဖော်ပြထားပါတယ်။

ကျုန်ရဲ့ညီမဖြစ်သူက ကျုန်ဟောင်ဘင်းနဲ့ အဆက်အသွယ်မရလို့ အကူအညီပေးဖို့ တရုတ်လူမှုကွန်ယက် Weibo မှာ ပို့စ်တင်ခဲ့တာပါ။ ညီမဖြစ်သူရဲ့ပို့စ်အရတော့ ကျုန်ဟာ လွန်ခဲ့တဲ့ ၄ နှစ်ကတည်းက မော်ဒယ်တစ်ယောက်ဖြစ်ခဲ့ပြီး ဇွန်လအစောပိုင်းမှာ မဂ္ဂဇင်းတစ်ခုအတွက် မော်ဒယ်လုပ်ပေးဖို့ ကမ်းလှမ်းချက်တစ်ခုရခဲ့ပါတယ်။ အဲ့ဒီနောက် ဇွန်လ ၈ ရက်နေ့မှာ ကွမ်ကျိုးကနေ ထိုင်းနိုင်ငံကို သွားခဲ့ပါတယ်။ ဘန်ကောက်က Do Muang Airport လေဆိပ်ရောက်ပြီး မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ တာ့ခ်ခရိုင်ကို သွားခဲ့ပါတယ်။

အဲ့ဒီရောက်ထဲအချိန် ကျုန်နဲ့ အဆက်အသွယ်ပြတ်သွားပြီး သူ တည်းခိုဖို့လုပ်ထားတဲ့ ဟိုတယ်မှာလည်း Check in မလုပ်ရသေးဘူးလို့ပြောပါတယ်။ ဇွန် ၁၃ ရက်နေ့မှာတော့ ကျုန်က သူ့မိသားစုနဲ့ ဆက်သွယ်နိုင်ခဲ့ကာ သူ တည်နေရာကို မပြောနိုင်ပေမဲ့ မြန်မာနိုင်ငံကို သွားဖို့ လှည့်ဖြားခံလိုက်ရပြီးလို့ ပြောပါတယ်။

ကျုန်ရဲ့မိသားစုလည်း တရုတ်နဲ့ထိုင်းအာဏာပိုင်တွေကို အကူအညီတောင်းခံခဲ့ပါတယ်။ သူ့အစ်ကိုဖြစ်သူက ကြင်နာတတ်တဲ့သူဖြစ်တဲ့အတွက် အရမ်းယုံကြည်လွန်းသွားခဲ့တာဖြစ်နိုင်တယ်လို့ ညီမဖြစ်သူက ဆိုပါတယ်။ ဇူလိုင် ၃ ရက်နေ့မှာတော့ ကျုန်ကို ထိုင်းနိုင်ငံရှိ တရုတ်သံရုံးက ကယ်တင်နိုင်ခဲ့ပြီး ကယ်ဆယ်မှုက ပါတီများစွာကြား ပူးပေါင်းဆောင်ရွက်မှုဖြစ်ပေမဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကိုပြောကြားဖို့ ငြင်းဆိုခဲ့တယ်။ ဒါပေမဲ့ သံရုံးက တရုတ်နိုင်ငံသားတွေကို လစာမြင့်တဲ့အလုပ်တွေခေါ်တဲ့ နိုင်ငံရပ်ခြားက အန္တရာယ်တွေအကြောင်းနဲ့ ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံတွင်းတရားဝင်အလုပ်လုပ်ခွင့်လက်မှတ်ရရှိဖို့ လိုအပ်ကြောင်းသတိပေးထားတယ်လို့ China Daily သတင်းဌာနက ဖော်ပြထားပါတယ်။

Ref: Chinese model rescued from Myanmar after having been tricked by ‘high paying’ magazine job offer in Thailand

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top