မွမ်ဘိုင်းမြို့မှာ ၁၂၉ နှစ်အတွင်း ပထမဆုံး ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေ

3-6-2020-yyl-002.jpg

ဒီနေ့(ဇွန်လ ၃ ရက်)မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖွယ်ရှိလို့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ အာဏာပိုင်တွေက ကြိုတင်ပြင်ဆင်မှု ပြုလုပ်နေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ(Nisarga)ဟာ မဟာရက်ရှ်ထရာပြည်နယ်နားမှာရှိတဲ့ အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ဖွယ်ရှိပြီး ဂူဂျာရတ်ပြည်နယ်လည်း မုန်တိုင်းဒဏ်ခံစားရဖွယ်ရှိနေပါတယ်။ ပြည်နယ် ၂ ခုလုံးမှာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးတပ်ဖွဲ့(NDRF) စေလွှတ်ထားပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းကို ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(Amphan) ဝင်ရောက်တိုက်ခတ်ပြီး ၂ ပတ်လောက်အကြာမှာ ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ ချဉ်းကပ်လာတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်တိုက်ခတ်လို့ လူ ၈၅ ယောက်ကျော် သေဆုံးခဲ့ပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း ဆာနာဂါရဲ့လမ်းကြောင်းကို အတိအကျ ခန့်မှန်းနိုင်ဖို့ အချိန်ကြာနိုင်ပေမဲ့ မွမ်ဘိုင်းမြို့ကို တိုက်ရိုက်တိုက်ခတ်နိုင်ဖွယ်ရှိတယ်လို့ မိုးလေဝသဌာန အရာရှိတွေက ပြောပါတယ်။ အဲဒီလိုတိုက်ခတ်ရင်တော့ မွမ်ဘိုင်းမြို့ဟာ ၁၂၉ နှစ်အတွင်း ပထမဆုံးအကြိမ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခံရတာဖြစ်မှာပါ။ လက်ရှိအချိန်မှာတော့ မွမ်ဘိုင်းမြို့မှာ မိုးသက်လေပြင်းကျရောက်နေပါပြီ။ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ ပြန်လည်ထူထောင်ရေးတပ်ဖွဲ့(NDRF)ကတော့ သေဆုံးသူလုံးဝမရှိအောင် ဆောင်ရွက်နေပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top