သူ့ချစ်သူနဲ့ မင်္ဂလာလက်မှတ်ရေးထိုးလိုက်တဲ့ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် မာလာလာ

11-10-2021yyl6.jpg

ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် မာလာလာယူဆက်ဇိုင်ဟာ သူ့ချစ်သူနဲ့အတူ မင်္ဂလာလက်မှတ် ရေးထိုးလိုက်ပါပြီ။ အစ္စလာမ်ထုံးတမ်းစဉ်လာအရ ကျင်းပလေ့ရှိတဲ့ မင်္ဂလာလက်မှတ်ရေးထိုးပွဲ (nikkah ceremony) ကို ဘာမင်ဂမ်မြို့မှာ လုပ်ခဲ့တာပါ။

ဒါဟာ သူ့ဘဝရဲ့ အဖိုးတန်နေ့ရက်ဖြစ်တယ်လို့ အသက် ၂၄ နှစ်အရွယ် တက်ကြွလှုပ်ရှားသူ မာလာလာက တွစ်တာမှာ ရေးသားထားပါတယ်။ မာလာလာရဲ့ခင်ပွန်းလောင်း အဆာမာလစ်ကတော့ အားကစားလောကကပါ။ ပါကစ္စတန်ခရစ္စကတ်ဘုတ်အဖွဲ့ (PCB) မှာ စွမ်းဆောင်ရည်ဆိုင်ရာ မန်နေဂျာအဖြစ် တာဝန်ယူထားတယ်လို့ သူ့ရဲ့ LinkedIn ပရိုဖိုင်မှာ ဖော်ပြထားပါတယ်။

အမျိုးသမီးတွေ ပညာသင်ကြားခွင့် ရရှိရေး ပြောဆိုလှုပ်ရှားခဲ့တဲ့ မာလာလာဟာ ၂၀၁၂ ခုနှစ်က အသက် ၁၅ နှစ်အရွယ်မှာ တာလီဘန်တွေရဲ့ ပစ်ခတ်မှု ခံခဲ့ရပါတယ်။ သူ့ခေါင်းကို သေနတ်ထိမှန်ခဲ့လို့ သေလုမျောပါးဖြစ်ခဲ့ပေမဲ့ အသက်ရှင်ခဲ့ပြီး သူတို့မိသားစုလည်း ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့ကို ပြောင်းရွှေ့လာခဲ့တာပါ။

မာလာလာဟာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင်တွေထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး အသက် ၁၇ နှစ်အရွယ်မှာ ဆုရခဲ့တာဖြစ်ပါတယ်။

Ref: BBC ” Nobel Peace Prize winner Malala ties the knot in Birmingham ceremony “
Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top