လေဆိပ်မှာ Facial Recognition စနစ်က မျက်နှာကို မမှတ်မိလို့ မိတ်ကပ်ဖျက်လိုက်ရတဲ့ တရုတ်အမျိုးသမီး

make.jpg

တရုတ်အမျိုးသမီးတစ်ဦးဟာ Shanghai လေဆိပ်မှာ လူဝင်မှုကြီးကြပ်ရေးရဲ့Facial Recognition စနစ်က မိတ်ကပ်အပြည့်နဲ့သူ့ရဲ့မျက်နှာကို မမှတ်မိလို့ မိတ်ကပ်တွေဖျက်လိုက်ရတဲ့အဖြစ်ကို ကြုံတွေ့ခဲ့ရပါတယ်။ လေဆိပ်မှာ မိတ်ကပ်ဖျက်ရတဲ့ အဲ့ဒီဗီဒီယိုက လူမှုကွန်ယက်မှာ ပျံ့နှံ့နေတယ်လို့ သိရပါတယ်။

အဲ့ဒီအမျိုးသမီးကို သူနဲ့အဖော်လိုက်လာတဲ့ သူငယ်ချင်းဖြစ်သူက “နင့်ရဲ့ပတ်စ်ပို့ဓာတ်ပုံနဲ့တူတဲ့အထိ ဖျက်လိုက်။ နင် ဒီလိုမျိုးပြင်လာရတာလဲ။ နင် ဒုက္ခရှာနေတာနော်”လို့ ဗီဒီယိုမှာ ပြောနေခဲ့တယ်လို့ သိရပါတယ်။


တချို့အင်တာနက်အသုံးပြုသူတွေက အဲ့ဒီအမျိုးသမီးဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့ကြပြီး facial recognition စနစ်တွေက ဒိတ်အောက်နေတာလားမသိလို့ ပြောဆိုခဲ့ကြပါတယ်။

ဗီဒီယိုကြည့်ရှုရန် – https://www.youtube.com/watch?v=TAojdOdDUy4

Ref: Chinese Woman Forced To Remove Make-Up At Airport After Facial Recognition Failed To Recognise Her

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top